Friday, May 18, 2012

၅ ကြိမ်မြောက် မြန်မာ့စီးပွားရေးညီလာခံ

မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ စီးပွားရေး အရလည်း ပြုပြင်ပြောင်းလဲမှုတွေရှိလာတာနဲ့ အမျှ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ ဖို့ စိတ်ဝင်စားနေတဲ့အချိန်မှာပဲ ရန်ကုန်မြို့ Royal Hotel မှာ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပြီး ၅ ကြိမ်မြောက် မြန်မာ့စီးပွားရေး ညီလာခံတရပ်ကို မေလ ၁၅ ရက်နေ့ နဲ့ ၁၆ ရက်နေ့တွေမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ FBC service company နဲ့ Singapore နိုင်ငံက FRC ကုမ္မဏီတို့ပူးပေါင်းပြီး ကျင်းပတဲ့ ဒီညီလာခံမှာ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင် တွေက ရေနံနဲ့သဘာဝဓါတ်ငွေ့ လုပ်ငန်း ၊ ဆက်သွယ်ရေးလုပ်ငန်း ၊ ဟိုတယ်နှင့်အိမ်ယာလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း ၊ စက်မှုလက်မှုလုပ်ငန်းနဲ့ စီးပွားရေးလုပ်ငန်းအတော်များများကို ပြည်တွင်းက လုပ်ငန်း ရှင်တွေနဲ့ စီးပွားရေး ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပါတယ်။