Friday, May 18, 2012

ဒုတိယမြောက် ဂြိုဟ်တု ဗီယက်နမ် လွှတ်တင်မည်


ဒုတိယမြောက် ဂြိုဟ်တု ဗီယက်နမ် လွှတ်တင်မည်ဗီယက်နမ် နိုင်ငံသည် နိုင်ငံပိုင် ဒုတိယ မြောက် ဆက်သွယ်ရေး ဂြိုဟ်တုကို မေလ ၁၆ ရက်နေ့ တွင် ကမ္ဘာပတ် လမ်းကြောင်း အတွင်းသို့ လွှတ်တင် မည် ဖြစ်ကြောင်း Dan Tri သတင်းမီဒီယာ ဖော်ပြချက် အရသိရသည်။
အမေရိကန်ဒေါ်လာ သန်း ၃၀ဝ တန်ကြေးရှိ Vinasat - 2 ဂြိုဟ်တုသည် ၁၅ နှစ်သက်တမ်း ရှိမည်ဖြစ်ကြောင်း၊ ယင်း ဂြိုဟ်တု၏ ဝန်ဆောင်မှုများကို အရှေ့တောင် အာရှဒေသနှင့် ဗီယက်နမ်၏ အိမ်နီးချင်းနိုင်ငံ
များ ရယူနိုင်မည် ဖြစ်ကြောင်း၊ ယင်းဂြိုဟ်တုသည် ဥရောပပိုင် Arianespace ကုမ္ပဏီ၏ လွှတ် တင်မှု အစီအစဉ်ဖြင့် ပြင်သစ် ဂူအီယာနာ ကျွန်းရှိ Kourou လွှတ်တင်ရေး စခန်းမှ ဂျပန်နိုင်ငံ၏ JCSAT-13 ဂြိုဟ်တုနှင့် အတူ ကမ္ဘာပတ်လမ်းအတွင်း ရောက်ရှိသွားမည်ဖြစ်ကြောင်း ဗီယက်နမ် စာတိုက်များနှင့် ဆက်သွယ်ရေးအုပ်စု (VNPT) မှ တာဝန်ရှိပုဂ္ဂိုလ်များက ဆိုသည်။

ဗီယက်နမ်နိုင်ငံသည် ၂၀ဝ၈ ခုနှစ် ဧပြီလအတွင်းက Vinasat-1အတွင်းရှိ ပထမဆုံးနိုင်ငံပိုင် ဆက်သွယ်ရေး ဂြိုဟ်တုကို လွှတ်တင်ထားပြီးဖြစ်သည်။ ဗီယက်နမ် နိုင်ငံသည် အာကာသ သိပ္ပံ နည်းပညာနှင့် ဂြိုဟ်တု ဆက်သွယ်ရေး လုပ်ငန်းများ ဆက်လက်ဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်းသွားမည်ဖြစ် ကြောင်း၊ ယင်းနယ်ပယ်ကဏ္ဍများ အတွက် ထိုက်သင့်သည့် ဘဏ္ဍာငွေများ သုံးစွဲသွားမည် ဖြစ်ကြောင်း၊ Vinasat-1 ဂြိုဟ်တု သည် အရှေ့ တောင်အာရှဒေသ၊ အိန္ဒိယနှင့် ဟာဝိုင်အီတို့ကို လွှမ်းခြုံ ဝန်ဆောင်မှု ပေးနေဆဲ ဖြစ်ကြောင်း VNPT မှ တာဝန်ရှိ ပုဂ္ဂိုလ်များက ထပ်လောင်းပြောကြားသည်။ ဗီယက်နမ်နိုင်ငံ အနေဖြင့် ဆက်သွယ်ရေးဂြိုဟ်တု အသစ်များ ထပ်မံလွှတ်တင် နိုင်ရန်လည်း စီမံပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။