Thursday, April 26, 2012

မြန်မာဟာ အာရှ ကျားတစ်ကောင်ဖြစ်လာနိုင်



မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှတွေကို ခွင့်ပြုမယ်၊ ကျွမ်းကျင်သူ ပညာရှင်တွေကို လုပ်ကိုင်ခွင့် ပြုမယ်၊ ဘဏ္ဍာရေးဆိုင်ရာ နိုင်ငံတကာ ပိတ်ဆို့မှုတွေကို လျော့ချပေးမယ်ဆိုရင်
 မြန်မာဟာ အာရှ ကျားတစ်ကောင်ဖြစ်လာဖို့ အလားအလာ ကောင်းတွေရှိပါတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambir က ပြောပါတယ်။ဒီသတင်းပတ်ကုန်မှာ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း မြန်မာပြည် ခရီးစဉ် မစတင်ခင်မှာ 
မနေ့က မစ္စတာ နမ်ဘီးယားက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

နှစ်ပေါင်း ၂၀ ကျော်ကာလ တလျောက်လုံး တံခါးပိတ် မူဝါဒနဲ့ နေခဲ့ရာက အခုဆိုရင် ပြောင်းလဲမှု ခြေလှမ်းတွေ မြန်ဆန်လွန်းနေတာတွေလည်း တွေ့ရှိနေရတယ်လို့ဆိုပါ
တယ်။ ဒီနေ့မြန်မာပြည်မှာအခြေခံဥပဒေ၊လွှတ်တော်နဲ့ ရွေးကောက်ပွဲဆိုတာတွေ တွေ့နေရပြီဖြစ်
တယ်လို့ မစ္စတာ နမ်ဘီးယားက သတင်းထောက်တွေကို မနေ့က ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံဆွေးနွေးမှုကနေ စတင်ခဲ့တဲ့ အပြောင်း အလဲတွေဟာ ၂၀၁၄ မှာ မြန်မာဟာ အာဆီယမ်အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း 
ခံရတာ၊ အခုနောက်ဆုံး အီးယူက ပိတ်ဆို့အရေးယူမှုတွေ လျှော့ပေး လိုက်တာအထိ ဖြစ်ခဲ့
တာဟာ ကြီးမားတဲ့ အပြောင်းအလဲတွေဖြစ်ကြောင်း မစ္စတာ နမ်ဘီးယားက ပြောပါတယ်။