Wednesday, April 25, 2012

ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုပ်သမားအဖွဲ့ အစည်း ၈ ဖွဲ့ တရားဝင် ဖွဲ့ စည်းခွင့်ရရှိ


အလုပ်သမား ညွှန်ကြားမှု ဦးစီဌာနမှ ဧပြီ ၂၅ ၇က် က လှိုင်သာယာ စက်မှုဇုန်တွင်ပြုလုပ်သည့် အခမ်းအနားတွင် အလုပ်သမားအဖွဲ့ အစည်းများဖွဲ့ စည်းခွင့် ကိုတရားဝင် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း
သိရသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း လှိုင်သာယာ စက်မှုဇုန် ၊သာဓုကန် စက်မှုဇုန် နှင့် ရွှေပေါက်
ကံ စက်မှုဇုန် တို့ မှ အလုပ်သမားအဖွဲ့ အစည်း (၇) ခုကို နိုင်ငံတော်မှ တရားဝင် အဖွဲ့ အစည်းများ တိုက်ရိုက် ဖွဲ့ စည်းခွင့် အသိအမှတ်ပြု လတ်မှတ်များကို ထုတ်ပေးခဲ့ကြောင်း သိရသည်။အလုပ်အသမား
  အဖွဲ့ အစည်းများ ဖွဲ့ စည်းရန် အသင်းအဖွဲ့ (၉)ခုမှ ဖွဲ့ စည်းခွင့် လျှောက်ထားခဲ့ပြီး အလုပ်သမားအဖွဲ့  အစည်း(၇) ခုနှင့် မြန်မာနိုင်ငံ သင်ဘောသားများ အဖွဲ့ ချုပ်တို့ ကို တရားဝင် အဖွဲ့ အစည်းများ ဖွဲ့ စည်းခွင့်ပြုခဲ့ပြီး ကျန်ရှိသည့် အလုပ်သမားအဖွဲ့ အစည်းတစ်ခုကို ဖွဲ့ စည်းခွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖွဲ့ စည်း လိုက်သည့်   အလုပ်သမား အဖွဲ့ အစည်း ၈ ဖွဲ့ မှာ

၁. တိုင်ရီ စက်ရုံ
၂. အိုပယ် စက်ရုံ
၃. အိုစန် စက်ရုံ
၎. ပုဝါ စက်ရုံ
၅. သာဓုကန် စက်မှုဇုန် (အထည်စက်ရုံ)
၆. ရွှေဇင်မင်း အထည်ချုပ် စက်ရုံ
၇. ရွှေပါက်ကံ စက်မှုဇုန်မှ အထည်ချုပ်စက်ရုံ
၈. မြန်မာနိုင်ငံ သင်္ဘောသားများ အဖွဲ့ ချုပ် တို့ ဖြစ်ကြောင်း သိရသည်။