Friday, March 30, 2012

"မန်း မှာ ကြိုတင်မဲပေးပြီ"


 

မန္တလေးတိုင်း ဒေသကြီး မဟာ အောင်မြေမြို့ နယ် မဟာမြိုင် ၁ ရပ်ကွက်တွင် ဧပြီ ၁ ရက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးခြင်းကို ရပ်ကွက် ကော်မရှင်ရုံးတွင် မတ်လ ၃၀ ရက်
 နံနက် ၆ နာရီမှ စတင်ပြုလုပ်သည်။ " အခု ၁၂ နာရီ အထိ ကြိုတင်မဲ ပေးသူ ၇ ယောက် ရှိပါတယ်။ ၃ ယောက်က ခရီးသွားမယ့်သူ၊ ၄ ယောက်က အိပ်ရာထဲလဲပြီး နာမကျန်း ဖြစ်နေတဲ့လူ။ နာမကျန်း ဖြစ်နေတဲ့လူ ၄ ယောက် ကိုတော့ ကော်မရှင်က တာဝန်ရှိသူ ၃ ယောက်စီ သွားပြီး ကြိုတင်မဲ သွားယူပေးထားပါတယ်။ သူတို့ စိတ်ကြိုက် မဲပေးပြီး မဲအိတ်ကိုပါ တစ်ခါတည်း ကော်နဲ့ ပိတ်ပြီး ယူလာခဲ့ပါ တယ်။ ကော်ဗူးပါ ယူသွားပါတယ်။ ကျန် ၃ယောက်က ခရီးသွား ကားလက်မှတ်၊ ရထား လက်မှတ်ပြ လို့ ကြိုတင် မဲပေးခွင့်ပြု ခဲ့ပါတယ်။ ၂ ယောက် လာသေးတယ်။ သန်သန်မာမာကြီး မို့ ကြိုတင်မဲ ပေးချင်
တာ ခွင့်မပြုခဲ့ပါဘူး။ ၁ ရက်နေ့ မှ လာပေးဟု ရပ်ကွက်ကော်မရှင် တာဝန်ရှိသူ တစ်ဦးကပြောသည်။ မဟာအောင်မြေမြို့ နယ် တွင် ရပ်ကွက်ကြီး ၁၈ ရပ်ကွက် ရှိပြီး၊ မဲရုံ ၉၇ ရုံရှိတာ ကြိုတင်မဲ ပေးနိုင်သော မဲရုံမှာ ၁ ရပ်ကွက် ၁ ရုံရှိကြောင်း သိရသည်။