Friday, March 30, 2012

လာမည့် ကြားဖြတ်ရွေးကောက်ပွဲသည် လုံးဝလွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်နိုင် အုန်းမည်
မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည် လုံးဝလွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်နိုင် အုန်းမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့(မတ် ၃၀ ) ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ လွန်ခဲ့သော လအနည်းငယ်က ဖြစ်ပွားခဲ့သော ဖြစ်ရပ်များ ကိုကြည့်ပါက လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ    ဖြစ်ရန် မထင်မြင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ ယမန်နေ့ကလည်း တောင်ငူတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တစ်ဦးကို ကွမ်းသီး  လုံးနှင့် ပစ်ပေါက်ခံခဲ့ရပြီး လူကိုထိမှန်ခြင်းမရှိဘဲ ကားကိုသာထိမှန်ခဲ့ကြောင်း၊ အချို့နေရာများတွင် ဆိုင်းဘုတ်များဖျက်ဆီးခဲ့ရရသည့် ဖြစ်ရပ်များဖြစ်ပွားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က   ပြည်တွင်းပြည်ပသတင်းသမားများကိုပြောကြားခဲ့သည်။
ကျန်းမာရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ''သိပ်ကြီးတော့ နေမကောင်းသေးပါဘူး'' ဟု ပြောကြားခဲ့ပြီး လုံခြုံရေးနှင့် ပတ်သက်၍ လုံးဝမစိုးရိမ်ပါကြောင်းနှင့် ပြည်သူများအနေဖြင့် စိတ်မပူရန် ပြောကြား လိုကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
 မတ်လ ၃ဝ ရက် ၂ဝ၁၂ ခုနှစ် နံနက်ပိုင်းက မီဒီယာသမားများ၏ မေးမြန်းမှုကို ဖြေကြားနေသည့်   ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူများကို  တွေ့မြင်ရစဉ်။ တိုင်းရင်းသားအရေးကိစ္စများအားလုံး ဖြေရှင်းရန်အတွက် ပင်လုံစာချုပ်ချုပ်ဆိုစဉ်က သဘောတူညီ  ခဲ့သည့် တိုင်းရင်းသားများအကြား တန်းတူညီတူမှု၊ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်၊ အုပ်ချုပ်ပိုင်ခွင့် စသည့် အခြေခံအချက်များကို အပြန်အလှန်နားလည်မှု ရှိရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
သူမ၏ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပသတင်းထောက် ၃၀၀ ကျော် တက်ရောက် လျက်ရှိသည်။ ယခုအချိန်ထိ မေးမြန်းသမျှ မေးခွန်းများကို ပြန်လည်ဖြေကြားလျက်ရှိသည်။
ကြိုတင်မဲစာရင်းတွေကို ကော်မရှင်က ကြေညာပေးသင့်တယ်။ ထုတ်ပြန်နိုင်တဲ့ အနေအထား မျိုးရှိတယ်လို့လည်းထင်တယ်။ ကြိုတင်မဲကိစ္စက ကျွန်မတို့ ခဏခဏပြောနေရတဲ့ကိစ္စပဲ" ဟု   ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တစ်ဦး၏အမေးကိုဖြေကြားခဲ့သည်။
"လွှတ်တော်ထဲမှာ အသံတစ်သံကတောင် တစ်ကမ္ဘာလုံးကို ပြန့်နိုင်ပါတယ်..။လူထုအသံကို တစ်ကမ္ဘာလုံးက ကြားနိုင်အောင် ကြိုးစားသွားမယ်.ဟု သတင်းထောက်တစ်ဦး၏ အမေး ကို   ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။