Tuesday, February 14, 2012

ကြံခင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးဖွင့်ပွဲနှင့်ဆိုင်းဘုတ်တင်ပွဲ

 ၁၄-၂-၂၀၁၂
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ (လမ်းမတော်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်) တွင် ကြံခင်းမြို့နယ်
အမျိုးသားဒီမိုကရေစီရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။ လူဦးရေ ၇၀၀ ခန့် တက်ရောက်ခဲ့သည်။ တိုင်းစည်းရုံးရေးအောင်နိုင်ရေး ကော်မတီမှ ဦးကိုကိုမြင့်နှင့် မြန်အောင်မြို့နယ် မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်တို့မှ မိန့်ခွန်း ပြောကြားခဲ့သည်။ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား အောင်မြင်
စွာ ပြီးဆုံးသည့် အထိမ်းအမှတ် အဖြစ် ညပိုင်းတွင် အငြိမ့်များဖြင့် ဖျော်ဖြေမည် ဖြစ်ပါသည်။ NLD ဈေးရောင်းပွဲကိုလည်း ယနေ့ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပမည်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် တပြည်လုံးအတိုင်းအတာဖြင့် ရုံးခန်းများကို ၃၀၀ ကျော်ဖွင့်လှစ်
မည်ဖြစ်ပြီး ပြည်သူလူထု၏ ထောက်ခံအားပေးမှုကြောင့် လူငယ်များ၏ အားမာန်သစ်တို့ ဖြင့် အနာ
ဂတ်အတွက် စစ်မှန်သောဒီမိုကရေစီနိုင်ငံကိုတည်ဆောက်ရန်နှင့် ပြည်သူတို့ ၏ ခွန်အားဖြင့် လွတ်လပ်
သော မြန်မာနိုင်ငံကိုတည်ဆောက်ရန် ကြိုးစားလျှက်ရှိသည်။လူငယ်များ NLD သို့ ဝင်ကြရန် ဖိတ်
ခေါ်ကြိုဆိုလျှက်ရှိသည်။