Tuesday, February 14, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မရမ်းကုန်းမြို့နယ်နှင့် လှည်းကူးမြို့နယ်များသို့ စည်းရုံးရေးဆင်းမည်

 15-2-2012  
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲများအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မရမ်းကုန်းမြို့နယ်နှင့် လှည်းကူးမြို့နယ်များသို့    ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စည်းရုံးရေးသွားမည်ဖြစ်ကြောင်း သိရသည်။မရမ်းကုန်းမြို့နယ်နှင့် လှည်းကူးမြို့နယ်များမှ ပြည်သူများမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုရန် ပြင်       ဆင်မှုများ ကျယ်ကျယ်ပြန့် ပြန့် ပြုလုပ်နေပြီး လူထုများအားပေးထောက်ခံ၍ ၀ိုင်းဝန်းကူညီကြသည်ဟု လည်းကူးမြို့ နယ်မှ ကိုသန့် ဇင်ဆိုသူ လူငယ်တဦးမှပြောပြ၍ သိရှိရသည်။  လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီစဉ်ကို အနှောက်အယှက်များပေးနေပြီ အကြိမ်ကြိမ် ပြန်လည်ပြင်ဆင်မှုများရှိခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်မှ ၀င်ရောက်ညှိနှိုင်းပေးသဖြင့်အခု​နောက်ဆုံး ​ ပြန်လည်အဆင်​ပြေသွား​တဲ့​အ​ကြောင်းကို ပါတီဌာနချုပ်က ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ဦး​ဟံသာမြင့်​ကလည်း​ အတည်ပြု ​ပြောဆိုကြောင်းသိရှိရပါတယ်။