Friday, January 13, 2012

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဗိုလ်ချုပ်ခင်ညွန့်နှင့် မိသားစုလွတ်မြောက်

 ပုံ(ဗိုလ်ချုပ်ခင်ညွန့်နှင့် သူ့ရဲ့သားကြီး ဒု-ဗိုလ်မှုးကြီး ဇော်နိုင်ဦး)
 ၁၃-၁-၂၀၁၂
ဒီနေ့မနက် ၁၀ နာရီမှာ အမှတ်(၂၇) ၊ န၀ဒေးလမ်းသွယ် မရမ်းကုန်းမြို့နယ်ရှိ ဗိုလ်ချုပ်ခင်ညွန့်နှင့်
မိသားစု လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည်ဟု သိရှိရပါသည်။
ကျန်းမာစွာတွေ့ရပါတယ်၊နိုင်ငံရေးကို လုံးဝမလုပ်တော့ဘူးပြောပါတယ်၊အခုလိုနိုင်ငံရေးအကျဉ်း
သားအားလုံးကို လွှတ်ပေးလိုက်တာကို ၀မ်းသာတယ်၊ကြိုဆိုပါတယ်လို့ပြောတယ် ဒေါ်အောင်ဆန်း
စုကြည်နဲ့တွေ့ဖို့ရန်မရှိပါ၊အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့  ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါ
တယ်လို့  ပြည်တွင်းသတင်းသမားတွေကို ပြောလိုက်ပါတယ်။ဘာသာရေးကိုပဲ အဓိကလုပ်သွားပါ့
မယ် နိုင်ငံအတွက် ပြောစရာရှိခဲ့ပါရင် မီဒီယာကိုခေါ်ပြောပါ့မယ်၊မီဒီယာကိုပဲတွေ့ပါမယ်တဲ့၊မီဒီယာ လွတ်လပ်ခွင့် အပြည့်အ၀ရရှိပါစေလို့ ဆုတောင်းပါတယ်လို့ ပြောသွားပါတယ်။