မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့်
အကျဉ်းသားရာ ပေါင်းများစွာကို လွတ်ပေးရန် ဆုံးဖြတ်ချက်သည်
ဒီမိုကရေစီပြုပြင်ပြောင်းလဲ
ရေးအတွက် အခိုင်အမာအရေးပါသော တိုးတက်မှုခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ ပြီးခဲ့သည့် နှစ်
လခန့်က မိမိသည် ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးသိန်းစိန်တို့နှင့် စကားပြောခဲ့ပြီး အမေရိ
ကန်၏ ထိတွေ့ ဆက်ဆံမှုက ဒီမိုကရေစီ အပြောင်းအလဲကို မည်သို့ကူညီနိုင်မည်ဖြစ်ကြောင်းနှင့် မိမိတို့နိုင်ငံများအကြားဆက်ဆံရေးကိုမည်သို့ တိုးတက်စေနိုင်ကြောင်းကို ဆွေးနွေးခဲ့ပါသည်။
ထို့နောက် မကြာမီပင် ၀န်ကြီးဟီလာရီကလင်တန်သည် ရာစုနှစ်ဝက် ကာလအတွင်းမြန်မာ
ပြည်သို့သွားရောက်သည့် ပထမဆုံးသော(အမေရိကန်)နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာခဲ့ပါသည်။
နေပြည်တော်နှင့် ရန်ကုန်တွင် သူမ၏ တွေ့ဆုံဆွေးနွေးပွဲများ၌ သမ္မတဦးသိန်းစိန်၊အခြားသော
ခေါင်းဆောင် များနှင့်အတူ မိမိတို့နှစ်နိုင်ငံအ ကြား စတင်မှုအသစ်တစ်ခုကို ရရှိ စေနိုင်မည့်ခြေလှမ်းများ(အကြောင်း) ကို ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဆွေးနွေးမှု
(များ)၏အဓိကအပိုင်းမှာ ယုံကြည်ချက်ကြောင့် ကျခံနေရသော အကျဉ်းသားများကို ခြင်းချက်မရှိ လွတ်ပေးရန်နှင့် ၎င်းတို့အား ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဘ၀တွင်အပြည့်အ၀ပါဝင်နိုင်စေရန် ခွင့်ပြုပေးခြင်းတို့လိုအပ်ကြောင်းဖြစ်ပါသည်။
အဆိုပါ ခရီးစဉ်မှစ၍ ဧပြီ ၁ ရက်တွင် ရွေးကောက်ပွဲများကျင်းပမည့်အကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်သူမ၏ ပါတီအားပါဝင်ယှဉ်ပြိုင်ခွင့်ပြုရန်ဆုံးဖြတ်ပေးခဲ့ခြင်းအပါအ၀င် အပြုသဘောတိုးတက်ဖြစ် ထွန်းမှုများစွာဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ကရင်အမျိုးသားအစည်းအရုံးကေအန်ယူနှင့် အရေးပါသည့်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တစ်ရပ်ရခဲ့ခြင်းလည်းရှိခဲ့ပြီး ယင်းကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုခဲ့ပါသည်။ ယနေ့တွင်တော့ မိမိသည် သမ္မတ ဦးသိန်းစိန်၏ ယုံကြည်ချက်အကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေးရန် ဆုံးဖြတ်ချက်ကို ဂုဏ်ပြုလိုက်ပါသည်။ ဤကိစ္စမှာ မြန်မာ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး
အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ပါသည်။ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး အတွက် ကြိုးစားနေစဉ်မှာပင်ဒေါ်အောင်ဆန်းစုကြည်က ဤခြေလှမ်းကို ကြိုဆိုခဲ့ခြင်းအပေါ် မိမိကျေနပ်မိ
ပါသည်။ ဤဖြစ်စဉ်များနှင့် အားလုံးသောအခြားနိုင်ငံရေးအကျဉ်းသားများကိုပါ နိုင်ငံရေးဖြစ်စဉ်
တွင် လွတ်လပ်စွာအပြည့်အ၀ပါဝင်ခွင့်ပြုရေးအတွက်ခိုင်မာသေချာစေရန်မြန်မာအစိုးရအား
ကျွန်တော်တိုက်တွန်းပါသည်။ အထူးသဖြင့် လာမည့်ကြားဖြတ် ရွေးကောက်ပွဲများတွင်
(ပါဝင်စေရေး)နှင့် ကျန်ရှိနေသေးသော ယုံကြည်ချက်အကျဉ်းသားအားလုံး လွတ်မြောက်ရေးတို့
ကို လုပ်ဆောင် ရန်တိုက်တွန်းပါသည်။
အင်ဒိုနီးရှားတွင်ရှိစဉ် မြန်မာပြည်၌ တိုးတက်မှုအရိပ်အရောင်များပေါ်ထွက်လာနေကြောင်း မိမိပြောခဲ့ဖူးပါသည်။ယနေ့တွင်တော့ ထိုအလင်းရောင်မှာ ပိုမိုတောက်ပစွာလောင်ကျွမ်းခဲ့ပြီး ၎င်းင်းတို့မိသား စုများနှင့်(လွတ်မြောက်လာသော) အကျဉ်းသားအားလုံး ပြန်ဆုံစည်း ခဲ့သလို လူအများကလည်း ရှေ့ဆက်တိုးတက်မည့် ဒီမိုကရေစီလမ်းကြောင်းကို မြင်တွေ့ နိုင်ပါပြီ။မြန်မာ
ပြည်သူများ၏ စိတ်ဆန္ဒများနှင့်ကိုက်ညီရန် ဆက်လက်လုပ်ဆောင်စရာအများကြီးကျန်ရှိ
နေပါသေးသည်။ သို့သော် အမေရိကန်ပြည်ထောင်စုသည် နေပြည်တော်မှ အစိုးရနှင့် မိမိတို့၏ ထိတွေ့ဆက်ဆံမှုကို ဆက်လက်လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထား ခဲ့ပါသည်။ မိမိသည်ဝန်ကြီးကလင်တန်နှင့်အစိုးရအဖွဲ့အား မြန်မာအစိုးရ၊ ပြည်သူများနှင့်ယုံကြည်မှု တည်ဆောက်ရေးအတွက် နောက်ထပ်ခြေလှမ်းသစ်များ ပြုလုပ်ရန်ညွှန်ကြားခဲ့ပါသည်။
သို့မှသာ မိမိတို့သည် မျှော်လင့်ချက် ပြည့်ဝသည့် ဤသမိုင်းဝင် အခွင့်အလမ်းကို ဖမ်းဆုပ်
နိုင်ပါမည်။
မိမိတို့သည် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ ဒီမို ကရေစီအုပ်ချုပ်ရေးနှင့် ယုံကြည် ချက်အကျဉ်းသားများ လွတ်လပ်ခွင့်ရရေးအတွက် လိုအပ်သောထပ်မံဆောင်ရွက်ရမည့် ခြေ
လှမ်းများကို လုပ်ဆောင်နေစဉ် ထို(မြန်မာ)အစိုးရကို ထိတွေ့ဆက်ဆံရေးနှင့် (လူသားအားလုံး
နှင့် သက်ဆိုင်သော)ယူနီဗာဆယ်အခွင့်အရေးများကိုထောက်ခံအားပေးခြင်းအား မိမိတို့ ဆက်လက်လုပ်ဆောင်သွားပါမည်။
သမ္မတအိုဘားမား
အိမ်ဖြူတော်
ပြန်ကြားရေးအတွင်းဝန်ရုံး။
ဇန်န၀ါရီ-၁၃-၂၀၁၂
7 day ဂျနယ်တွင်ဖေါ်ပြထားသည်။