မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်း ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို
လာမည့် နှစ်ဆန်း ဇန်န၀ါရီလ ၄ ရက်နေ့မှစတင်၍ နှစ်ကြိမ်ခွဲ လွှတ်ပေးမည်ဟု အစိုးရ ရထား
ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။ဦးအောင်မင်းသည် အစိုးရ ပြည်ထောင်စုအ
ဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။
ယမန်နေ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)
နှင့် နှစ်ဘက် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ လာရောက်ဆွေးနွေးစဉ် ဦးအောင်မင်းက
အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်ဟု ဧရာဝတီတွင်ဖေါ်ပြထားသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် လှုပ်ရှားကြသူ ယုံကြည်ချက်ဖြင့် ကိုယ်ကျိုးစွန့် 
ဆောင်ရွက်ကြသော ရဟန်းသံဃာများ ကျောင်းသားခေါင်းဆောင်များ တိုင်းရင်းသားခေါင်း
ဆောင်များ ပြည်သူများကို မတရားသော ဥပဒေများဖြင့် ဖမ်းဆီးထိမ်းထားခြင်းသည် ဥပဒေ
ကို မျက်ကွယ်ပြုရာရောက်သည့်အပြင် ဒီမိုကရေစီဖေါ်ဆောင်ရာတွင်လည်း အဟန့် အတား
စေနိုင်သည်။ထို့ ကြောင့် အပြစ်မရှိသူ နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးပြန်လွတ်
ပေးပြီး အားလုံးပါဝင်နိုင်သော လွတ်လပ်သည့် နိုင်ငံရေးအခင်းအကျင်းများ ဖြစ်ပေါ်လာမှ
သာ မြန်မာ့ဒီမိုကရေစီအရေးကို အားလုံးပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပေသည်။