၂၃-၁၂-၂၀၁၁ (ဓါတ်ပုံ AP)
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဒုဥက္ကဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ရှေ့ နေကြီး ဦဥာဏ်ဝင်း အပါအ၀င် အဖွဲ့ ချုပ်ခေါင်းဆောင်များ ယနေ့  နေပြည်တော်သို့ 
သွားရောက်၍ ပါတီမှတ်ပုံတင်မည်ဟု သိရှိရပြီး နေပြည်တော် အမျိုးသားလွှတ်တော် ဥက္ကဌ
ဦးခင်မောင်မြင့် ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရရွှေမန်းနှင့် အစိုးရတာဝန်ရှိသူများက လက်ခံကြို
ဆိုကြသည် ဟုသိရှိရပါသည်။
ယင်းကဲ့သို့တွေ့ဆုံမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊
ဦးဥာဏ်ဝင်း၊ ဦးခွန်သာမြင့်၊ ဒေါက်တာငယ်ငယ်တို့ ပါဝင်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်
မရှင်မှ ဥက္ကဌ ဦးတင်အေး၊ အတွင်းရေးမှုး ဦးဝင်းကို၊ အဖွဲ့ဝင် ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဦးသာဦး၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့်တင်တို့ ပါဝင်ကြောင်း သိရပါသည်။