၂၇-၁၂-၂၀၁၁
ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်ကို
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC မြက်ခင်းပြင်တွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရှိပါသည်။
''ဈေးရောင်းပွဲတော်က နံနက် ၉ နာရီကတည်း စမှာဖြစ်ပြီး လူတိုင်း လွတ်လပ်စွာ လာရောက်
ကြည့်ရှု ၀ယ်ယူနိုင်ပါတယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့ မွန်းလွဲ ၃ နာရီမှာ လုပ်မှာဖြစ်ပြီး
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွင့်လှစ်ပေးမှာပါ'' ဟု ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူ
တစ်ဦးက ဆိုပါသည်။
Vertical Vibration Band နှင့်အတူ ကိုရဲလွင်၊ ကိုနေ၀င်း၊ တာရာ၊ ဂျေညီညီ၊ သားထွေး၊ စံလင်း၊
ရင်ဂို၊ တိုးလွင်၊ အောင်အောင်၊ ညီညီသွင်၊ အုပ်ကြီး၊ စိုးထက်၊ ကိုထွဋ်၊ ဂျေညီမလေး၊ Heaven
Born နှင့် ဖြိုးကြီး၊ ထူးအယ်လင်း၊ ထက်နေကြည်၊ အောင်ခန့်၊ သျီ၊ ခင်ဘုဏ်း၊ ရတနာမိုင်၊ Spectrum တေးဂီတနှင့် အက်စကဲနက်၊ တူးတူး၊ ဇော်ပိုင်၊ ဘိုဖြူ၊ လင်းနစ်၊ နွဲ့ယဉ်ဝင်း၊ သံသာ
ဝင်း၊ ကဗျာဘွဲ့မှူးနှင့်မီးမီးခဲ၊ The Trees Band နှင့် R ဇာနည်၊ ဟဲလေး၊ ဖိုးကာ၊ ဥာဏ်လင်း
အောင်၊ ထွန်းအိန္ဒြာဗို၊ ယုဇနနှင့် အေသင်ချိုဆွေ၊ Metal Zone နှင့် ဟယ်ရီ လင်း၊ မာရဇ္ဇ၊
ဟန်ထွန်း၊ သအို၊ ဂျီလတ်၊ လင်းလင်း၊ ချစ်သုဝေ၊ L ဆိုင်းဇီနှင့် N ကိုင်ရာ၊ မျိုးကျော့မြိုင်၊
ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ကောင်းမြတ်၊ မိုးမိုး၊ မေခလာ၊ ရှင်ဖုန်း၊ ချမ်းချမ်း၊ နေနေတို့က
Plus Three Band၊ Emperor တေးဂီတ အဖွဲ့တွင် ဇော်ဝင်းထွဋ်၊ အဲလက်စ်၊ L လွန်းဝါ၊
ဆောင်းဦးလှိုင်၊ ဆုန်သင်းပါရ်၊ ၀ိုင်းစုခိုင်သိန်းနှင့် အိမ့်ချစ်တို့ ပါဝင်မည်ဖြစ်သည်။ Big Bag၊
Wanted နှင့် Reason စသည့် တီးဝိုင်းများ၊ Acid၊ ရသ၊ ကြက်ဖ၊ ယုန်လေး၊ ဘိုလေး၊Snare ၊
Cyclone ၊ ငယ်ငယ်၊ ဂျင်းနီ၊ စန္ဒီမြင့်လွင်နှင့် Blue Berry တို့ ပါဝင်သီဆိုကြမည်ဖြစ်သည်။
လက်မှတ်များကို ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ရုံးချုပ်၊ Morning Star လက်ဘက်ရည်ဆိုင်(တိရစ္ဆာန်ရုံယာဉ်ရပ်နားဝင်း)၊ ဗိုလ်ချုပ်လမ်း (လမ်း ၄၀ ထိပ်)ရှိ အမေ့
သားဆန်ဆိုင်၊ အမှတ် (၁၃၈) လသာလမ်းရှိ အမိုင်းတူရိယာ ပစ္စည်းအရောင်းဆိုင်တို့တွင်
ဝယ်ယူ ရရှိနိုင်ကြောင်း သိရသည်။ ELEVEN MEDIA GROUP