Wednesday, December 28, 2011

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၁ ခုနှစ် ပြက္ခဒိန်များ ပြည်သူများ ၀ယ်ယူအားပေး

၂၈-၁၂-၂၀၁၁
မန္တလေး၊ ၆၆ လမ်း၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားရှိ ဂျာနယ်အရောင်းဆိုင်တစ်ဆိုင်တွင် ဒေါ်အောင်
ဆန်းစုကြည် ပြက္ခဒိန်များ ရောင်းချလျက်ရှိသည်ကိုတွေ့မြင်ရပုံဖြစ်ပါသည်) ဒေါ်အောင်ဆန်းစု
ကြည်အား ပြည်သူများ ထောက်ခံလေးစား ချစ်ခင်ကြ၍ ၀ယ်ယူအားပေးကြသည်ဟု သိရှိရသည်

HIV/AIDS Prevention and Care Sector မှ ထုတ်ဝေဖြန့်ချိသော ဒေါ်အောင်ဆန်းစုကြည်
ပြက္ခဒိန်အား တစ်ခုလျှင် ၃၀၀၀ ကျပ်နှုန်းနှင့် ဗမာပြည်တွင်း၌ ရောင်းချလျက်ရှိပါသည်။
ယခု ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွင်း မန်း ရပ်ကွက်အလှူပွဲများက အလှူပြ မဏ္ဍပ်များမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပိုစတာများကို
ငွေကြေးအလှူဒါနများနဲ့ တွဲပြီး လှူဒါန်းလာကြတာတွေ့ရပါတယ်။

၂၇ လမ်း၊ ၇၇ လမ်းနှင့် ၇၆ လမ်းကြားမှာ ခင်းကျင်းပြသခဲ့တဲ့ ရပ်ကွက်အလှူပွဲတစ်ခုရဲ့
မဏ္ဍပ်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပိုစတာများ ချိတ်ဆွဲထားတာမျိုးတောင် ရှိတယ်လို့
မြင်တွေ့ခဲ့ရတဲ့ မန်းကဗျာဆရာတစ်ဦးက ပြောကြားခဲ့ပါတယ်။

အပေါ်က ပုံကတော့ (၁၁၊ ဒီဇင်ဘာ၊ ၂၀၁၁)ညမှာတွေ့ရတဲ့ မန္တလေး၊ ၂၇ လမ်း၊ ၇၄ လမ်းနဲ့ ၇၅ လမ်းကြားက ရပ်ကွက်အလှူပွဲရဲ့ မဏ္ဍပ်က ပုံတွေဖြစ်ပါတယ်။

INSIDE BURMA NOW-A-DAY မှဖေါ်ပြပါသည်။