ခန့် က ရုတ်တရက် သေဆုံးခဲ့သော သတင်းများ ကမ္ဘာအနှံ ပြန်နှံသွားခဲ့သည်။ ၁၇ နှစ်ခန့်  အာဏာ
ရှင်စံနစ်ဖြင့် အုပ်ချုပ်ခဲ့ရာ တိုင်းပြည်သည် ဆင်းရဲမွဲတေပြီး ပြည်သူများ ဆင်းရဲဒုက္ခ အမျိုးမျိုးနှင့် ကြုံ
တွေ့ ခဲ့ကြရသည်။မည်သို့ ပင်ဖြစ်စေကာမှု မိမိအာဏာရရှိရေးအတွက် စစ်အုပ်ချုပ်ရေးစနစ်ဖြင့် အာ
ဏာရှင်ဟု ကမ္ဘာတွင်ထင်ရှားသည်။မမြဲသော သဘာဝတရားကို လျှစ်လှူ့ ရှုခဲ့ပြီး မိမိထင်ရာလုပ်ခဲ့
ကာ စစ်တပ်ကို လက်ကိုင်ဒုတ်အဖြစ်အသုံးချပြီး လက်နက်ဖြင့် အနုမြူပိုင်ဆိုင်မှုကို အကြောင်း
ပြုကာ ကမ္ဘာကိုခြိမ်းခြောက်ခဲ့သည်။တနှစ်အတွင်း ၁၆၅ ကြိမ်ခန့်  လှည့်လည်တာဝန်ထမ်းဆောင်
ခဲ့သောကြောင့် ခန္ဓာကိုယ်ပင်ပမ်း အားနည်းပြီး ဦးနှောက်သွေးကြောဖြတ်ကာ ခရီးသွားရထားပေါ်
တွင်သေဆုံးခဲ့သည်ဟု သိရသည်။အာဏာကို တရားသေ ဆုပ်ကိုင်ထားသော မြောက်ကိုရီးယား ခေါင်းဆောင် အာဏာရှင်ကြီး သေဆုံးမှုနှင့်ပါတ်သက်၍ နိုင်ငံတကာတွင် မတရားသောအာဏာ
ရှင်တဦး ပြောက်ကွယ်သွားပြန်ပြီဟု ပြောဆိုနေကြသည်။နောက်ဆုံးတော့ မမြဲသောတရားအရ အာဏာရှင် တဦးပြီးတဦး တိမ်မြုပ်ပြောက်ကွယ်လာလေပြီ။မြန်မာ အာဏာရှင်များ အလှည့် မကြာခင်မြင်ရတော့မည်ဖြစ်ပြီး အာဏာအလွဲသုံးစားလုပ် အမြတ်ထုတ်တတ်ကြသည့် သူများအဖို့  နောက်ဆုံးတော့ သေခြင်းတရားကို မလွန်ဆန်နိုင်သောကြောင့် အတ္တသမားများ မိမိစည်းဇိမ်များ ထားရစ်ခဲ့ရပေသည်။