၁၈-၁၂-၂၀၁၁
တိုင်းပြည်နဲ့ လူမျိုးအတွက် အနစ်နာခံ ဆောင်ရွက်တဲ့ အညတရ သူရဲကောင်းတွေရဲ့ စိတ်ဓာတ်နဲ့ စေတနာကို မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာက အာရုံစိုက်လာဖို့
ရည်ရွယ်ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ချီးမြှင့်တဲ့ အညတရ သူရဲကောင်းဆု
ရရှိသူတွေကို တိုကျိုမြို့မှာ ဒီကနေ့ ဂုဏ်ပြုပွဲ ကျင်းပပါတယ်။ဒီနှစ်ဟာ ဒုတိယ အကြိမ်
မြောက် ချီးမြှင့်တာဖြစ်ပြီး နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၄ ဦးကို
ချီးမြှင့်ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။အဖွဲ့ အစည်းအသီးသီးမှ လူ ၂၀၀ နီးပါးတက်ရောက်
ခဲ့ကြပြီး ဂုဏ်ပြုစကားပြောကြားခဲ့ကြပါတယ်။