Monday, November 21, 2011

ပညာရေးကွန်ယက်(၁)နှစ်ပြည့်ဈေးရောင်းပွဲတော်မှာ
NLDကို လူထုအားပေးကြဖို့  ဒေါ်အောင်ဆန်းစုကြည် ပြောကြား




























၂၀၁၁ခု နိုဝင်ဘာလ ၂၁ ရက်

ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊ပြည်လမ်းမပေါ်ရှိ အမှတ်(၆၀၁) ယုဒဿန် ရိပ်သာခန်းမတွင်
ပညာရေးကွန်ယက်(၁)နှစ်ပြည့်ဈေးရောင်းပွဲတော်ကို ပြုလုပ်ခဲ့ပြီး အဆိုပါဈေးရောင်းပွဲတော်
သို့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခဲ့ပြီးပညာရေးနှင့်ပတ်သက်သည့်
အဆိုအမိန့်များကို ပြည်သူလူထုအားဟောကြားသွားခဲ့ပါသည်။

“ဒီလိုစွန့်စားပြီး လျှောက်တဲ့အခါမှာ ပြည်သူလူထုရဲ့ ထောက်ခံ အားပေးမှု ရလိမ့်မယ်လို့
မျှော်လင့်လို့ ကျမတို့ လျှောက်တာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဲ့ဒီနောက်အဆိုတော်များဖြစ်ကြသော ဆောင်းဦးလှိုင်၊ရင်ဂို၊အနဂ္ဂ၊ထူးအယ်လင်း၊ကဗျာဘွဲ့မှုး၊
ချောစုခင်၊မီးမီးခဲ၊သံသာဝင်းတို့က တေးသီချင်းများဖြင့်ဖျော်ဖြေခဲ့ပါသည်။ဈေးအရောင်းဆိုင်
များတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနှင့်ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံပါတီရှပ်အင်္ကျီများ၊ဗိုလ်ချုပ်
အောင်ဆန်းပုံပါဘေးလွယ်အိတ်များ၊ပိုစတာများနှင့်သော့ချိတ်အစရှိသည့်အမှတ်တရပစ္စည်း
များကိုခင်းကျင်းရောင်းချခဲ့ပြီးကြွရောက်လာသောပြည်သူများမှလည်းအမှတ်တယပစ္စည်းများ
ကိုဝယ်ယူအားပေးခဲ့ကြပါကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ဒီမိုကရေစီပေါ်ပေါက်ရေး ပြည်တွင်းငြိမ်းချမ်းရေး ဥပဒေစိုးမိုးရေး
လူ့ အခွင့်အရေးရရှိရေး အားလုံးတို့ သည် ပြည်သူတရပ်လုံး ရဲရဲဝံ့ဝံ့ ပူးပေါင်းပါဝင်ဖို့  လိုအပ်
ပေသည်။ပြည်သူလူထုကြီး၏ ညီညွတ်မှုအင်အားဖြင့် (People Power)ကို ဖေါ်ထုတ်ဖို့ အချိန်
ကြရောက်လို့ လာပါပြီ ရဲရင့်တဲ့ သံမဏိစိတ်ဓါတ်တွေနဲ့  ပြိုင်တူတွန်းလျှင် ရွေ့ နိုင်ပါသည်။
အာဏာရှင်စနစ်ဆိုးကြီးကို ပြည်တွင်းပြည်ပြ ညီညွတ်စွာဖြင့် တွန်းလှန်ကြရန် မြန်မာနိုင်ငံ
သားတိုင်းတွင် တာဝန်ရှိပါသည်။။