၂၁-၁၁-၂၀၁၁
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ဝတ်စား ဆင်ယင်မှု ပုံစံကို သဘောကျ နှစ်သက် ကြသူများတွင် ၄င်းနှင့်ရွယ်တူအမျိုးသမီး
များ သာမက လူငယ် အမျိုးသမီးများပင် ပါဝင်ကြောင်း သိရသည်။ "အမေစုက ဘယ်အချိန်
မြင်ရမြင်ရ မြန်မာဆန်ဆန်ပဲ ဝတ်စား ဆင်ယဉ်တယ်။ ကျက်သရေရှိအောင် ဝတ်တတ်တယ်။
အရမ်း စမတ်ကျတယ်" ဟု ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် စီးပွားရေးပညာ မဟာတန်း တက်ရောက်နေသူ မသီသီလွင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဟာ အရင်တုန်းကလန်ဒန် တက္ကသိုလ်မှာလည်း ကျောင်းသွားတက်
ဖူးတယ်လို့သိရပါတယ်။ နောက် နိုင်ငံခြားသားနဲ့ အိမ်ထောင် ကျခဲ့တာတောင်မှ သူဟာ
မြန်မာတစ်ဦးဆိုတဲ့ စိတ်၊ မြန်မာပြည်ကို ချစ်တဲ့စိတ်အမြဲတမ်းရှိနေတယ်လို့ထင်ပါတယ်။
ဘာလို့လဲဆိုတော့ သူနိုင်ငံခြားမှာ ကျောင်းသွားတက်တဲ့ အချိန်တွေမှာရော၊ အိမ်ထောင်
ကျတဲ့ အခါတွေမှာရော အရင်တုန်းကဓာတ်ပုံတွေကို ပြန်ကြည့်လိုက်ရင် မြန်မာအဝတ်
အစားနဲ့ပဲတွေ့ရတယ်။ ဂုဏ်ယူစရာလည်း ကောင်းတယ် ဟု ၄င်းကဆိုသည်။
အချို့သူများက ဒေါ်အောင်ဆန်းစုကြည် ဝတ်ဆင်သော အင်္ကျီဒီဇိုင်းများ အတိုင်း လိုက်ချုပ်
ကြသည်အထိ ရှိသည်ဟုသိရသည်။ အခုနောက်ပိုင်း လိုက်ပြီးချုပ်ကြတာကတော့ ဒေါ်စု
ဝတ်သလို အရောင်ပြောင်နဲ့ လက်ရှည်ရင်ဖုံးမှာအပေါ်ထောင့်ြ
ကြတဲ့ပုံ အချုပ်များတယ်။ ရင်စေပုံတော့သိပ်မချုပ်ကြဘူး။ ဒီဇိုင်း ကရိုးရိုးယဉ်ယဉ်လေးပဲ
လေ။ အသက်၃၀ အရွယ်တွေရော၊နောက်၅၀ကျော်တွေရော အရွယ်မျိုးစုံပါပဲလာအပ်ကြတာ။
ကျွန်မတို့ငယ်ငယ်တုန်းက လည်း (၁၉၉၀ ကျော်နောက်ပိုင်းမှာ) ဒေါ်စုအဆင်ဆိုပြီး သိုး
မွေးအင်္ကျီိုကို ရောင်စုံချိတ်လို ပုံစံထိုးပြီ
''ဝင်း"စက်ချု
ရှိသော ဟန်ပန် အပြည့် ရှိသည်ဟု ဂျာနယ်တစ်ခုတွင် ဝင်ရောက် လုပ်ကိုင်နေသူ
အမျိုးသမီးအယ်ဒီတာ တစ်ဦးကဆိုသည်။
"ဒေါ်စု ဝတ်တာက ဘာမှ ဆန်းဆန်းပြားပြား၏ကြီးတွေ မပါဘူး။ ဒါပေမယ့် ပြည်သူက
ချစ်တဲ့စိတ်ကြောင့် သူဝတ်ပုံစားပုံတွေ နေထိုင်ပုံတွေက ပြည်သူတွေအပေါ် လွှမ်းမိုးမှု
ရှိတာပါ "။ -မန္တလေးအလင်း သတင်းဂျာနယ်မှ ပြန်လည်ဝေမျှသည်။