Saturday, November 26, 2011

လူငယ်များ အနာဂတ်အတွက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် ပါဝင်မည်

အနာဂတ် မြန်မာနိုင်ငံကို တည်ဆောက်ဖို့  မြန်မာနိုင်ငံတွင်းရှိ လူငယ်များ စိတ်ဝင်တစားရှိနေ
ကြပြီးလွတ်လပ်သော မြန်မာနိုင်ငံအဖြစ် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် လူငယ်များက မိမိ
တို့ တတ်နိုင်သည့်ဘက်မှ ပါဝင်ရန် မြို့ နယ်အသီးသီးရှိ လူငယ်အဖွဲ့ အစည်းများဖွဲ့ စည်း၍ ကွန်
ယက်များပြုလုပ်ပြီး မိမိတို့ အနာဂတ်ကို မိမိတို့ ကိုယ်တိုင်ပါဝင်၍ ဖန်တီးဖေါ်ဆောင်လိုကြောင်း
သင်္ကန်းကျွန်းမြို့ နယ်မှ ကျောင်းသားတဦးဖြစ်သည့် ကိုမင်းနိုင်မှ ပြောကြားသည်။

လူငယ်များ အနာဂတ်ပျောက်နေရသည့် မြန်မာနိုင်ငံတွင် ပညာတတ်မြောက်သောလည်း အ
တတ်ပညာနှင့် အသက်မွေးဝမ်းကြောင်းမပြုနိုင်သည့် ယနေ့ ခေတ် အုပ်ချုပ်ရေးစနစ်ကို မလို
လားကြောင်း တိုင်းပြည် လွတ်လပ်ပြီး ဖွင့်ဖြိုးမှသာ ကျွန်တော်တို့ ၏ အနာဂတ်ရေရာမှာဖြစ်
သည့်အတွက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် တရားမျှတမှုရရှိရေး အမှန်တရားကိုဖော်
ထုတ်ရေးနှင့် ဒီမိုကရေစီအင်အားကောင်းစေရန်နှင့် လွတ်လပ်သည့် မြန်မာနိုင်ငံပေါ်ထွန်းရေး
အတွက် မြို့ နယ်အသီးသီးတွင် လူငယ်အဖွဲ့ အစည်းများဖွဲ့ စည်းရန်လိုအပ်သည်ဟု ယူဆသော
ကြောင့် လူငယ်များညှိနှိုင်းတိုင်ပင်ကြမည်ဟု သိရသည်။