၂၅ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီက မှတ်ပုံတင်ခွင့်ကို
နေပြည်တော် ရွေးကောက်ပွဲကော်မရှင်မှာ လျှောက်ထားလိုက်ပါတယ်။
လျှောက်လွှာတင်တာကို ရွေးကောက်ပွဲ ကော်မရှင်က လက်ခံထားလိုက်ကြောင်းနှင့်
ပြင်ဆင်စရာမလိုသည့်အတွက် လက်ခံခဲ့ကာ လာမည်အပတ်မှာ NLD ရဲ့ ပါတီ
မှတ်ပုံတင်ခြင်းနှင့်ပါတ်သက်၍ ခွင့်ပြုမပြု သိရမှာဖြစ်ပြီး ပါတီတံဆပ်တုံး၊ အလံ၊
ဖွဲ့စည်းပုံစတာတွေကို အပြည့်အစုံ တင်ပြရမှာ ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ရှေ့ နေကြီး ဦးဥာဏ်ဝင်းနှင့်အဖွဲ့ က
နေပြည်တော်သို့  သွားရောက်၍ မှတ်ပုံတင်ခဲ့ခြင်းဖြစ်တယ်လို့  သိရပါတယ်။