Friday, November 4, 2011

ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်များ မြန်မာနိုင်ငံသို့  အ၀င်စိတ်လာနေသည်

 ၄-၁၁-၂၀၁၁
အမေရိကန်အစိုးရ အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
မနက်ဖန် နေ့ လည် ၂နာရီမှာ တွေ့ ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။
မလေးရှား ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် အပါအ၀င်ယခုရက်ပိုင်းအတွင်း  ဒေါ်အောင်ဆန်း စုကြည်တွေ့ ဆုံပြီး ဂျာမနီနိုင်ငံ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာ ၀ါနာဟိုယာ၊ နော်ဝေနိုင်ငံ ပတ်ဝန်းကျင်နှင့် အပြည်ပြည်ဆိုင်ရာ ဖွံဖြိုးမှု ၀န်ကြီး အဲရစ် ဆိုဟိန်း (Mr Erik Soheim)၊ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ် ပို့စနာနှင့် အမေရိကန်အစိုးရ အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဂျေဗီ နမ်ဘီး ယားနှင့်လည်း တွေ့ဆုံခဲ့သေးသည်။ယခုရက်ပိုင်းတွင် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်များ မြန်မာနိုင်ငံသို့ 
ခတ်စိတ်စိတ်ရောက်ရှိလာ၍ အစိုးရသစ်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါတီအဖွဲ့ အစည်း များနှင့် လာရောက်တွေ့ ဆုံဆွေးနွေးမှုများရှိနေသည်ကို တွေ့ မြင်နေရသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအား အစိုးရနှင့်အတိုက်အခံခြား အကြံပေး
ဆွေးနွေးမှုများရှိနေသည်ဟု သတင်းများတွက်ပေါ်နေပါသည်။အရင်ကထက်စာရင် ပြည်ဝင်ခွင့် ဗီဇာ ရရှိ
သော ပညာရှင်များ၏ အကြံပြုမှုများ ပြုပြင်ပြောင်း လဲရေးအတွက် အဓိက အမျိုးသားရင်ကြားစေ့ရေး
နှင့် ငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်သို့  ခေါ်ဆောင်လာနေသည့်သဘောများ ရှိနေသည်ဟု ပြည်တွင်းမှလာသော သတင်းများအရ သိရှိရပါသည်။