၎-၁၁-၂၀၁၁ AP
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ မနေ့က ပြုလုပ်တဲ့ စီးပွားရေး ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ မလေးရှား ၀န်ကြီးချုပ်ဟောင်း မစ်စတာ မဟာသီယာမို ဟာမက်နဲ့  အတူ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ တက်ရောက်ခဲ့ကြပါတယ်။ တက်ရောက်လာကြသူ ပုဂ္ဂိုလ်များအားတွေ့ ဆုံရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ကြသည်ဟုသိရ သည်။ အာဆီယံမှ အကျိုးစီးပွား အတွက် တစ်သံတည်း အတူတကွ ရှိကြမယ်ဆိုရင် ပိုပြီး အကျိုးများ အောင်မြင်နိုင်မယ်လို့ ဒေါက်တာ မဟာသီယာက ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ ပြုလုပ်တဲ့ စီးပွားရေး ဆွေးနွေးပွဲမှာ ပြောဆိုခဲ့တာပါ။