မြန်မာပြည်တွင်းမှ လာသောသတင်းများအရ လာမည့် ၁၀ ရက်နေ့ တွင် နိုင်ငံရေးအကျဉ်းသား
များ လွှတ်ပေးရန်ရှိသည်ဟု သတင်းများထွက်ပေါ်နေပါသည်။ ဦးသိန်းစိန် အစိုးရ တက်လာပြီး
နိုင်င်ငံရေးအကျဉ်သားများ ဒုတိယအကြိမ် ၂၀၀ ကျော်လွှတ်ပေးခဲ့ပြီး တတိယအကြိမ် လွှတ်ပေး
ရန် ပြင်ဆင်နေသည်ဟု ပြည်တွင်းမှ အမည်မဖေါ်လိုသူ တဦးမှ သိရှိရသည်။
အစိုးရ၏ ပြုပြင်ပြောင်းလဲရေးကာလတွင် “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်
ချက် ၃ ချက်ပြင်ဆင်ခဲ့ပြီး အရင်တုံးက ပုဒ်မ ၆ (ဂ) မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ အခြေခံဥပဒေကို ထိန်းသိမ်းစောင့် ရှောက်ရေး ဆို ရေးထားတယ်။ အခုတော့ လေးစားလိုက်နာ ရေးဆိုပြီးတော့ ပြင်ဆင်လိုက်တယ်။ အဲလိုပဲ အရင်တုန်းက နိုင်ငံရေးပါတီထဲမှာ ပါတီဝင်တွေဟာ ထောင်ဒဏ် ကျခံနေသူမဟုတ်ရဘူးလို့ ပုဒ်မ ၁ဝ (င) မှာ သတ်မှတ်ထား တယ်။ အခုတော့ ဒီ၁ဝ
(င) ကို ပယ်ဖျက်လိုက်ပြီ။ နိုင်ငံသားအခွင့်အရေးကို ရဖို့အတွက် မူလပြဌာန်းချက်ကို ပယ်ဖျက်
ခဲ့တာပါ။
ပြည်ထောင်စုလွှတ်တော် အကြီးအကဲ ဦးခင်အောင်မြင့်က ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်ကို အသိ အမှတ်ပြုကြောင်း ပြောဆိုခဲ့ပြီး အစိုးရသစ်မှ ပြုပြင်ပြောင်းလဲရေးတွေလုပ်ပေးနေပြီး လွှတ်တော်သို့ 
ဝင်ရန် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြောင်း ပြောဆိုထားပါသည်။ အန်အယ်လ်ဒီပါတီမှ မှတ်ပုံတင်ရေးအတွက် လုံလောက်မှု ရှိမရှိ ပါတီမှာ ဆွေးနွေးမှု မလုပ်ရသေးဘူးလို့ အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောထားပါတယ်။အမျိုးမျိုးဝေဖန်သံတွေလဲထွက်ပေါ်နေပါတယ်။
လာမယ့် ၈ ရက်နေ့ မှာ အန်အယ်လ်ဒီပါတီမှာ မှတ်ပုံတင်ရေး မတင်ရေး အကျေအလှယ် ဆွေးနွေးပြီး ဆုံးဖြတ်ချက် ပေါ်ထွက်လာမည်ဖြစ်ပါသည်။