Monday, November 7, 2011

ကချင်စစ်ပြေး ဒုက္ခသည်စခန်းမှ စစ်ပြေး ဒုက္ခသည် ၃၀ ဦး တရုတ်ရဲများ၏ ဖမ်းဆီးခြင်းခံရ

တရုတ်ပြည်နယ် မြန်မာနယ်စပ်မှာရှိတဲ့ လောန်ရှောင်း ခရိုင် ဂျန်ခေါင် မြို့နယ်မြန်မာ
တရုတ်နယ်စပ် ဖြစ်တဲ့ လာယင်ကျေးရွာသို့ ဈေးဝယ်ထွက်ကြတဲ့ ကချင်ပြည်နယ် အရှေ့
ဘက်မှာရှိတဲ့ ကချင်စစ်ပြေး ဒုက္ခသည်စခန်းမှ စစ်ပြေး ဒုက္ခသည် အမျိုးသားများကို တရုတ်
ရဲများမှ ရဲဝတ်စုံမဝတ်ဘဲ ဘာမှ စစ်ဆေးမေးမြန်းမှု မရှိဘဲ ဘိန်းရှိုတယ်မဟုတ်လား..ဆိုပြီး ကချင်အမျိုးသား(၃၀) ဦးကို ဖမ်းဆီး သွားကြောင်း စုံစမ်းသိရှိရပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့အယောက် (၃၀) မှ ဇိန်ထုန်းယော် (Zing Htung Yaw) အသက်
 (၂၄) နှစ် ကိုတော့ တရုတ် ယွန်ငွေ (၂၀၀၀) နှစ်ထောင်ဖြင့် ရွေးထုတ် ယူခဲ့ကြောင်း သိရှိရ
ပါတယ်။ ယခု ချိန်ထိ ဖမ်းဆီးခံရတဲ့သူထဲမှာ သူ တစ်ဦး တည်းသာ လျှင် လွတ်မြောက် လာ
သေးကြောင်း ဖမ်းဆီး ခံသွားရတဲ့ ဇိန်ထုန်းယော်မှ ပြောကြားလာပါတယ်။ ကျန်တဲ့ (၂၉) ဦး
ဟာ လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရပါတယ်။ကျန်ရှိနေတဲ့ ယင်းမိသားစု
နှင့် ဆွေမျိုး အတိုင်းအဝိုင်းများမှာ စိုးရိမ်နေကြ ရပါတယ်။
တရုတ်ရဲများနှင့် စစ်အစိုးရစစ်တပ်တို့ဟာ လွယ်ဂျေ တရုတ်နယ်စပ်မှာ အချင်းချင်း သုန့်ပန်း
လှဲမယ်ဆိုတဲ့ သတင်းများလည်းထွက်ပေါ် နေတာကြောင့် မိသားစုဝင်များမှာ ပိုမို စိုးရိမ်
နေကြရပါတယ်။

ဇော်ရှန် ( wunpawng )