Wednesday, April 13, 2011

Tunisia သမတ Ben Ali ၏ ညီအကိုတော်စပ်သူကို ဖမ်းဆီးအရေးယူ။

 ၂၀၁၁-၄-၁၂
Tunisia သမတ Ben Ali နှင့်မိသားစု  နိုင်ငံတကာ ဖမ်းဆီးမိန့် ထုတ်ပြန်ထားခြင်းခံခဲ့ရပါတယ်။ ပြည်သူများ၏ ဒီမိုကရေစီတောင်းဆို ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး အစိုးရပြိုလဲသွားကာ သမတ Ben Ali နှင့်မိသားစု  Saudi Arabia ကိုတွက်ပြေးတိမ်းရှောင်ခိုလုံခဲ့ပါတယ်။သူ၏ပိုင်ဆိုင်မှုတွေကိုလည်း   ပြောင်းရွေ့ ခဲ့သည့်အတွက် နိုင်ငံတကာ ဖမ်းမိန့် ထုတ်ပြန်ရ တာဖြစ်တယ်လို့  တရားရေးဝန်ကြီး Shebi က ၁လပိုင်း၂၆ရက်နေ့ က ပြောဆိုထားပါ တယ်။ 
သမတ Ben Ali ဟာ ဒီလပိုင်းမှာပဲ ဦးနောက်သွေကြောပေါက်ကာ ဆေးရုံတင်ထားရပြီး မေ့မြောနေပါ တယ်။  Tunisia ဟာ ဒီမိုကရေစီပြောင်းလဲရေးအတွက် လုပ်ငန်းဆောင်တာများအကောင်အထည်ဖေါ်နေပြီး။
၎လ ၁၂ ရက်နေ့ မှာ သမတနှင့် ညီအကိုဖြစ်သူ Ben Ali slide နှင့် အခြေခံဥပဒေပြည်သူ့  အဖွဲ့ (RCD)၏ Mohamed Gariani အဖွဲ့ ခေါင်းဆောင်ကိုဖမ်းဆီးအရေးယူလိုက်ပြီး ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံ
ခွင့်ကိုလည်း ပိတ်ပင်လိုက်ပါတယ်။