Wednesday, April 13, 2011

မြန်မာ နိုင်ငံခြားရေးဝန်ကြီးအသစ်၏ မြန်မာ့နိုင်ငံရေးမှာ သက်ဆိုင်သူ အားလုံးပါဝင်ဖို့  ပြောဆို

၂၀၁၁--၁၁
မြန်မာအစိုးရအဖွဲ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာ့နိုင်ငံရေးမှာ သက်ဆိုင်သူ အားလုံးနဲ့ ဆက်သွယ်သွားဖို့ တံခါးဖွင့်ထားပါတယ်လို မြန်မာနို့င်ငံခြားရေးဝန်ကြီးအသစ်ကပြော လိုက်ပါ တယ်။ ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ကျင်းပပြီးစီးခဲ့တဲ့အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့  ASEAN နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အစည်းအဝေးအတွင်းမှာ အဲဒီလိုပြောခဲ့တာပါ။
ဒီလိုဘဲပြောခဲ့ဒါတွေများခဲ့ပါပြီဦးအောင်ကြည်နဲ့ လည်းပြောခဲ့ဘူးပါတယ်တကယ်တော့ မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကိုသွားမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးကိုရယူရမှာဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်း
ရေးနဲ့ အတူ လူ့ အခွင့်အရေး များကိုလည်းလေးစားလိုက်နာရမှာဖြစ်ပါတယ်။ မြန်မာအစိုးရသစ် နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ဟာကုလသမဂ္ဂလုံခြုံရေးကောင်စီမှာစစ်အစိုးရကိုယ်စားပြုသံကိုယ်စားလှယ်အနေ 
နဖြင့် တချိန်က နှစ်စဉ် လူ့ အခွင့်အရေးနှင့်ပါတ်သက်၍ စစ်အစိုးရကိုကာကွယ်ပြီးကန့် ကွက်ခဲ့တာတွေရှိခဲ့ပါ တယ်။ 
ယနေ့ ကြတော့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာ့နိုင်ငံရေးမှာ သက်ဆိုင်သူ အားလုံးနဲ့ ဆက်သွယ် သွားဖို့ တံခါးဖွင့်ထားပါတယ်လို့ မြန်မာနိုင်ငံခြားရေး ၀န်ကြီးအသစ်က ပြောလိုက်ပါတယ်။ အဘယ်ကြောင့် အမျိုးသားညီလာခံနှင့်ရွေးကောက်ပွဲမကျင်းပခင်တုံးက နိုင်ငံရေးသက် ဆိုင်သူအားလုံးနှင့်တွေ့ ဆုံဆွေးနွေး ဘို့  မလုပ်ခဲ့တာလဲ သံသယရှိနေပါတယ်။ အစိုးရအဖြစ်တရားဝင်အတည်ပြုမှ နိုင်ငံတကာ၏ ဖိအားပေးမှုနှင့်
ဒီမိုကရေစီစံနှုန်းတွေ မတွေ့ မြင်ရလို့  နိုင်ငံတကာ၏အသံတွေကျယ်လောင်လာမှ ယခုလို့  ဖြစ်ပေါ်လာတာ ဟာ ရိုးသားမှုမရှိဘူး လို့ ဆိုရမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကအစဉ်အမြဲ တွေ့ ဆုံဆွေးနွေးရေးလုပ်ဘို့  ဖိတ်ခေါ်ခဲ့တာ နှစ်ပေါင်း ၂၀နီးပါးရှိခဲ့ပါပြီ အစိုးရသစ်ကိုလည်း မကြာသေးခင်က တောင်းဆိုခဲ့ပါတယ်။ တိုင်း ရင်းသားလက်နက်ကိုင် အင်အားစုများကလည်း တွေ့ ဆုံဆွေးနွေးရေး တောင်းဆိုနေပါတယ်။
နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာဟာ တိုင်းပြည်အတွက် အကောင်းဆုံးသောနည်းလမ်းပါ။ဒေါ်အောင်
ဆန်းစုကြည် ကလိုလားတဲ့ ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းခြင်း ပင်ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုး စုများ ၏ ပြဿနာတွေဟာ တွေ့ ဆုံဆွေးနွေးအဖြေရှာမှ ရနိုင်မည့်အခြေအနေပါ စစ်ရေးနဲ့ ဖြေရှင်းခဲ့တာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပါပြီ ငြိမ်းချမ်းရေးမရရှိသေးပါဘူး။ စစ်ရေးနဲ့  အာဏာကိုထိမ်းချုပ်ထားတဲ့ခေတ်က ကုန်ဆုံးတော့ မှာပါ ပြောင်းလဲလာတဲ့ ခေတ် စနစ်ကြီးနဲ့  ၂၁ ရာစုမှာ လူသားတွေကို ဖိနှိပ်ဖို့ မလွယ်ကူတော့ ပါဘူး အရှေ့  အလယ်ဖျားဒေသ ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေးတောင်းဆိုမှုတွေက သက်သေပြနေပါတယ်။
မြန်မာနိုင်ငံဟာလည်း ခေတ်ရေစီးကြောင်းနဲ့ အတူ ပြောင်းလဲမှုကိုလွန်ဆန်၍မရနိုင်တော့ပါ။ စစ်ဗိုလ် ချုပ် ကြီးတွေရဲ့  အတွေးအခေါ်တွေဟာ နိုင်ငံတကာနှင့်ရှင်ယင် အနှစ် ၅၀ လောက်နောက်ကျနေ တာ တွေ့ နေ ရပါတယ် ရာထူးနဲ့ သိက္ခာကိုတောင် မဆောင့်ထိမ်းဘဲ ပြုကျင့်မှုတွေက သက်သေပါ။  နိုင်ငံတကာကို အစိုရ တရပ်အနေနဲ့  ထိုးဝင်ဖို့ ဟာ နိုင်ငံတကာရဲ့  ဥပဒေတွေကို လေးစားလိုက်နာမှသာ ပွဲလည်တင့်ပါလိမ့်မယ်။  အစိုးရတည်ဆောက်တဲ့အခါ ခိုင်မာမှုရှိရမယ့် ဥပဒေစိုးမိုးမှုကအရေးကြီးဆုံးပါ။ ဥပဒေကို ကိုယ်စားမပြုတဲ့ အစိုးရဟာ ရေရှည်တည်တန့် ဘို့ မလွယ်ကူလှပါဘူး ၂၀၀၈ အခြေခံဥပဒေနဲ့  လူ့ အခွင့် အရေး တိုင်းရင်သား များ၏ ကိုယ်ပိုင်အခွင့်အရေးများ ရရှိဖို့  အလေးထားပြင်ဆင်ဘို့ လိုအပ်ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာ့နိုင်ငံရေးမှာ သက်ဆိုင်သူ အားလုံး နဲ့ ဆက်သွယ်သွားဖို့တံခါးဖွင့်ထားပါတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးအသစ်က ပြောဆိုခဲ့တာကို သိက္ခာ ရှိရှိ ဂတိတည်ပြီး (တွေ့ ဆုံဆွေးနွေးရေး) အကောင်အထည်ဖေါ်ဖို့  အစိုးရသစ်မှာတာဝန်ရှိပါတယ်။