၂၀၁၁-၄-၂၅
ရုရှားပြည်သူ ၈၅%က အနျူမြူ လျှပ်စစ်ဓါတ်ပေါင်းဖိုသည် ဒုက္ခရောက်စေနိုင်သည်ဟု ရုရှားပြည်သူ့  သဘောထားကို စုံစမ်းသိရှိရသည်။
ရုရှားပြည်သူ ၈၅%က အနျူမြူ လျှပ်စစ်ဓါတ်ပေါင်းဖိုသည် ဒုက္ခရောက်စေနိုင်သည်ဟု ရုရှားပြည်သူ့  သဘောထားကို စုံစမ်းသိရှိရသည်။
ရုရှားပြည်သူ့ သဘောထားစုံစမ်းရေးအဖွဲ့ ၏ ပြည်သူ့ များထံမှအလှူငွေရှာဖွေရာတွင် ပြည်သူ ၈၅%က အနျူမြူ လျှပ်စစ်ဓါတ်ပေါင်းဖိုနှင့်ပါတ်သက်၍ အသက်နှင့်ကျမ်းမာရေး စိုးရိမ်ရသည်ဟု TASS သတင်းဌာနကို ဖြေကြား သည်။
လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးအတွက် အသုံးပြုနေသော အနျူမြူ လျှပ်စစ်ဓါတ်ပေါင်းဖိုများကို အစိုးရမှ အန္တရယ်မရှိနိုင်ဟု အကြိမ်ကြိမ်ပြောဆိုနေသောလည်း လွန်ခဲ့သည့် ၂၅ နှစ်ကြာကဖြစ်ခဲ့သည့် Chernobyl
တွင်ဖြစ်ခဲ့သည့် အနျူမြူ လျှပ်စစ်ဓါတ်ပေါင်းဖို ပေါက်ကွဲခဲ့သည့် ဒေသခံပြည်သူများမှာ အလွန်ကြောက်မက် ဖွယ်ရာကောင်သည်ဟု ဆိုကြသည်။
အနျူမြူ လျှပ်စစ်ဓါတ်ပေါင်းဖိုကို အိမ်အနီးပါတ်ဝန်းကျင်တွင် တည်ဆောက်လျှင် ကန်ကွက်မည်ဟု ၈၂%က ပြောကြားသည်။ နောက်ထပ် Chernobyl လိုပေါကွဲမှု ဖြစ်လာမှာကို ရုရှားပြည်သူ ၈၀%က စိုးရိမ်နေကြသည်ဟု သိရှိရသည်။ံ
ဂျပန်နိုင်ငံ၏ FUKUSHIMA အနျူမြူ လျှပ်စစ်ဓါတ်ပေါင်းဖိုသည် ယနေ့ အထိထိမ်းသိမ်းနိုင်ခြင်းမရှိသေးဘဲ နေ့ စဉ်နှင့် အမျှ စိုးရိမ်နေရသော အခြေအနေတွင်ရှိနေသည်။ ရေဒီယိုသတ္တိကြွဓါတ်များနိုင်ငံတ၀ှမ်းပြန့် နှံနေသည်ဟု ဆရာဝန်တဦး၏ ဟောပြောပွဲတွင်သိရှိရပြီး ၎င်းရောင်ခြည်ဓါတ်သင့်သော အစားအစာများ
ရေနှင့် အသားများကို စားသုံးပါက ကင်စာရောဂါဖြစ်နိုင်ကာ နှစ်ကြာမှာရောဂါတွေ့ ရှိမည်ဖြစ်ပြီး ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် စိုးရိမ်ရသည်ဟု သိရှိရသည်။
့