၂၀၁၁-၄-၂၅ NLD.LA.JB
ဂျပန်နိုင်ငံတွင် ကြုံတွေ့နေခဲ့ရသည့် သဘာဝဘေးအန္တရာယ်ကြီးနှင့်တကွ နျူကလီယားပျံနှံ့မှုဘေး
အန္တရယ်တို့နှင့်ပက်သက်၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် ပညာပေးဟောပြောပွဲ
အခမ်းအနားကို IKEBURO KENKO PLAZA 7ထပ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်
နယ်မြေ)ဂျပန်ဌာနခွဲမှ ကြီးမှူး၍ ယနေ့ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို နံနက်၉နာရီတွင် အခမ်းအနားမှူးဦးသောင်းမြင့်ဦးမှ အမှာစကားပြောကြား၍ ဖွင့်လှစ်ပေး
ခဲ့ပါသည်။ ဖိတ်ကြားထားသော ဂျပန်နိုင်ငံသားဆရာဝန် Mr.YAMAMURA က ငလျင်နှင့် ဆူနာမီဘေး
အန္တရာယ်ကြောင့်ဖြစ်ပေါ်လာသော နူကလီးယားရေဒီယိုသတ္တိကြွ ပျံနှံ့မှုကြောင့် ဖြစ်ပေါ်လာမည့်ရောဂါများ
(အဆုတ်ကင်ဆာ၊ လည်ပင်ကြီးရောဂါ၊သွေးကင်ဆာ)ရောဂါများ ဖြစ်ပွားလာနိုင်ကြောင်းနှင့် ဘယ်ဘက်လက် နာကျင်ကိုက်ခဲတာမျိုး ဖြစ်နိုင်ကြောင်း ဟောပြောခဲ့ပါတယ်။ဆက်လက်၍ သိသင့်သိထိုက်သည်များ ဆောင်ရန်၊ရှောင်ရန် မှတ်သားဖွယ်ရာများကို ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဂျပန်နိုင်ငံသားများအတွက် ၀မ်းနည်းကြေကွဲ
ခြင်း message ကို ၂၃-၄-၂၀၁၁ရက်နေ့ထုတ် MAINICHI သတင်းစာတွင်ဖော်ပြပါရှိရာ ဖတ်ရှု့ခဲ့ရသဖြင့်
Mr.YAMAMURA က အထူးပင် ကြည်နူးမိကြောင်းပြောကြားခဲ့ပါတယ်။ထို့နောက်တက်ရောက်လာကြသူ
များမှလည်း မိမိတို့သိလိုသည်များကိုမေးမြန်းခဲ့ပါသည်။

ထို့အပြင် ယနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ တာဝန်ရှိ
သူများမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေ့ရှုသည့် လုပ်ဆောင်ချက်များကို အကောင်အထည် ဖော်ပေးပါရန် မေတ္တာရပ်ခံ ပန်ကြားလွှာလက်မှတ်ထိုးခြင်းလှုပ်ရှားမှု(Sign Campaign)ကို လုပ်ဆောင်ခဲ့ပါသည်။အခမ်အနားကို နေ့လည် ၁၂နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။