ကူဝိတ်နိုင်ငံသို့  အလည်အပါတ်ရောက်ရှိနေသော အတိုက်အခံဖြစ်သည့် ပြည်သူ့ ကောင်စီ အဖွဲ့ မှ ဥက္ကဌMr.Abudorujariru အား 50 million Kuwaiti dinars (about 14.9 billion yen)ကိုဒီမိုကရေစီတောင်းဆို ဆန္ဒပြ ပြည်သူတွေအတွက် ကူညီလိုက်သည်ဟု ၂၄ ရက်နေ့ က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါ သည်။၎င်း ကူညီငွေကို လစ်ဗျားအရှေ့ ပိုင်း အတိုက်အခံအင်အားစုနယ်မြေရှိ ပြည်သူများ၏ လစာအဖြစ် အသုံးပြုမှာဖြစ်သည်ဟု သိရှိရပါသည်။
အတိုက်အခံဖြစ်သည့် ပြည်သူ့ ကောင်စီ အဖွဲ့ မှ ဥက္ကဌ Mr.Abudorujariru က အီဂျစ်အစိုးရအနေဖြင့် အီဂျစ်နိုင်ငံတွင်းရှိ လစ်ဗျားနိုင်ငံသားများက ကဒါဖီ အစိုးရအပေါ်ထောက်ခံပံ့ပိုးပေးပို့ မှုကို ပိတ်ပင်ပေးဖို့ တောင်ဆိုပြီး Mr.Abudorujariru ပြောဆိုချက်အရ ကဒါဖီ ၏ တူဖြစ်သူက အီဂျစ်နိုင်ငံရှိ လစ်ဗျားနိုင်ငံပိုင် နိုင်ငံတော်
ဘဏ္ဍာငွေများကိုရောင်းစားပြီး ကဒါဖီကိုထောက်ပံ့နေသည်ဟုဆိုသည်။ တူဖြစ်သူကတော့ငြင်းဆန်ထားပါသည်။