Friday, April 29, 2011

အမေရီကန်တွင် လေဆင်နှာမောင်းကြောင့် လူ၂၀၀ကျော်သေဆုံးပြီး နျူကလီယား လျှပ်စစ်ဓါတ်ပေါင်းဖို မီးပြတ်သွား

၂၀၁၁-၄-၂၈   Reuters News
၂၇ ရက်နေ့ က အမေရီကန် အာလာဘမား( Alabama) ပြည်နယ် အနောက်ပိုင်း တာစ်ကလိုစာ (Tuscaloosa)ကို ဖြတ်၍ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ရာ လေပြင်းကျ၍ မိုးများရွာသွန်းခဲ့သည်။
CNN သတင်းအရ လူပေါင်း၂၀၂ နီးပါး သေဆုံးခဲ့ပြီး အိမ်ခြေတော်တော်များများ ပျက်ဆီးခဲ့ရာ သေဆုံး သူများ ထပ်တိုးလာဘွယ်ရှိသည်။
ထိခိုက်မှုကြီးမားကာ အာလာဘမားပြည်နယ်နှင့် ဂျော်ဂျီယာပြည်နယ်တစ်ဝှိက် ကျယ်ပြန့် စွာတိုက်ခိုက်ခဲ့ပြီး
 Reuters သတင်းဌာန အဆိုအရ လေပြင်းဆင်နှာမောင်းတိုက်ပြီး မိုးရွာချခဲ့သည့်အတွက်ကြောင့် အာလာဘ မား ( Alabama) ပြည်နယ်ရှိ Brownsferry နျူကလီယား လျှပ်စစ်ဓါတ်ပေါင်းဖို ၃ ခုက မီးပြတ်သွားပြီး စက်ကို ရပ်ထားလိုက်ရသည်။