မြန်မာ ဦးသိန်းစိန် အစိုးရသစ်က ဖွဲ့ စည်းလိုက်တဲ့ သမတ အကြံပေးအဖွဲ့ ဝင်ဖြစ်သည့် စီးပွားရေးပညာရှင် ဦးမြင့် ကိုရွေးချယ်ခဲ့ပါတယ်။ ဦးမြင့်သည် ကုလသမဂ္ဂအာရှဖီစီဖိတ်စီးပွားရေးဆိုင်ရာကော်မတီဝင်(ESCAP)
အဖြစ်ထမ်းဆောင်ခဲ့ဘူးသူ စီးပွားရေးပညာရှင်လည်းဖြစ်သည်။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် ခင်မင်သူတဦးလည်းဖြစ်သည်ဟု သိရှိရပါသည်။
စစ်အာဏာရှင်လက်ထက် ဒီမိုကရေစီရရှိရေးဆောင်ရွက်နေသူများအား ညှင်းပမ်းဖိနှိမ်မှုများလုပ်ဆောင်ခဲ့ပြီး
အစိုးရသစ်တက်လာမှ အရင်ကစဉ်စားလို့ မရနိုင်တဲ့ ပြောင်းလဲမှုတချို့ ရှိလာသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့်ခင်မင်သူကို ယခုလိုခန့် အပ်ခဲ့ခြင်းဖြင့် တွေ့ ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာ
လိမ့်မည်ဟု မျှော်လင့်လို့ မရနိုင်ပါ။
ဒေါ်အောင်ဆန်းစုကြည် နှင့်ခင်မင်သူကို ယခုလိုခန့် အပ်ခဲ့ခြင်းဖြင့် တွေ့ ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာ
လိမ့်မည်ဟု မျှော်လင့်လို့ မရနိုင်ပါ။
မြန်မာနိုင်ငံကို ကိုယ်စားပြုသော စီးပွားရေးပညာရှင်ဖြစ်ခဲ့ပြီး ၁၉၉၀ ခုနှစ်လောက်ထဲက ဒေါ်အောင်ဆန်း စုကြည်နှင့်ရင်းနှီးခဲ့သူဖြစ်ပြီး စီးပွားရေးအခြေအနေများကို တင်ပြခဲ့သူလည်းဖြစ်ပါသည်။
ဦးသိန်းစိန် အစိုးရသစ်မှ ဒေသဆိုင်ရာ ဆင်းရဲမွဲတေမှုများကို အဓိကထား ဆောင်ရွက်ရန် ပြောကြားထား
သည်ဟု သိရှိရပါသည်။
လက်ရှိ ဦးသိန်းစိန် အစိုးရသစ်သည် အာဏာရှင်မှ ဆင်းသက်လာသော အစိုးရဖြစ်သောကြောင့် စီးပွားရေး
ပညာရှင်၏ အခန်းကဏ္ဍကို မည်မျှလွတ်လပ်စွာဆောင်ရွက်နိုင်မည် ပညာရှင်ကိုအသိအမှတ်ပြုမည်က အရေးပါသည်။ ယခုအချိန်အထိ ကျွမ်းကျင်ပညာရှင်မဟုတ်သော စစ်ဗိုလ်ချုပ်များက ထိမ်းချုပ်ထားကာ
အရာရာကို စစ်တပ်မှဝင်ပါပြီး အမိန့် အာဏာဖြင့် ဆုံးဖြတ်ခဲ့ကြသည်။ ပညာရှင်များကို အမြင်သဘောအရ
ဖေါ်ဆောင်ပြီး လက်တွေ့ မှာ အကြံပေးသူများ၏ အကြံဥာဏ်များကို ဖေါ်ဆောင်မည်လားဆိုတာက သံတယ
ရှိနေပါသည်။ မြန်မာနိုင်ငံ၏ အကြံပေးများသည် အရပ်သားပညာရှင်များဖြစ်ဖို့ လိုအပ်ပြီး ဘက်လိုက်မှုမရှိ ရန်လိုအပ်သလို မှန်မှန်ကန်ကန် သုံးသပ်ပြောဆိုရဲရန်လည်းလိုအပ်သည်။ ဒီမိုကရေစီစနစ်၏ ဥပဒေစိုးမိုးမှုရှိ
မှသာ အမှန်တရားကို ဥပဒေက ကာကွယ်နိုင်လိမ့်မည်ဖြစ်သည်။
