Friday, April 29, 2011

မြန်မာနှင့် တရုတ် ကျောက်ဖြူ ရထားလမ်း ဖေါက်လုပ်ရန် နားလည်မှု စာချုပ် ချုပ်ဆို။

၂၈ ရက်နေ့ ထုတ် မြန်မာသတင်းစာအရ မြန်မာနိုင်ငံ အနောက်ပိုင်း ကျောက်ဖြူနဲ့ တရုတ်ပြည်နယ် တောင်
ပိုင်း ယူနန်ပြည်နယ် ရထားလမ်းဖေါက်လုပ်ဖို့  လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဘင်္ဂလားပင်လယ်အော်ကမ်းခြေ
ရှိ ကျောက်ဖြူတွင် တရုတ်က ရေနက်ပင်လယ်ဆိပ်ကမ်း ဆောက်လုပ်ဖို့ ရင်းနှီးမြုတ်နှံ ထားပြီး ဆောက်
လုပ်ရေးများ စတင်နေပါပြီ ဆိပ်ကမ်းနဲ့ ရထားလမ်း ဆောက်လုပ်ပြီးစီးခဲ့လျှင် တရုတ်က မာလကာမြစ်ကို
ဖြတ်ကျော်ရန်မလိုတော့ဘဲ။ ယူရုဒ် (EU)နှင့်အရှေ့ အလယ်ပိုင်းမှ ကုန်သွယ်မှု ကူးသန်းရောင်းဝယ်ရေး ပိုမိုလွယ်ကူလာမှာဖြစ်ပါတယ်။ ကျောက်ဖြူနဲ့ ယူနန်ပြည်နယ်ဟာ မိုင်ပေါင်း ၁၁၀၀ ရှည်လျားပြီး ရေနံ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းဆောက်လုပ်ရန် သဘောတူထားပြီးဖြစ်၍ တရုတ်သည်အနာဂတ်တွင် အရှေ့  အလယ်ပိုင်းမှ ရေနံ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကိုအသုံးပြုပြီး သွင်းကုန်အဖြစ် အစီအစဉ်ရှိနေပါသည်။
မြန်မာသတင်းစာ၏ အဆိုအရ မြန်မာ မီးရထား ဦးဆောင်ညွှန်ကြားရေမှူး ဦးသိန်းဆွေနှင့် တရုတ် China
Railway Engineering Corporation ကိုယ်စား Mr.Zhao Deyi တို့ က လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာ ရထားလမ်းဖေါက်လုပ်ရေးစီမံကိန်းနှင့် တရုတ်ရထားလမ်းဖေါက်လုပ်ရေးအဖွဲ့ တို့ က ပထမဦးစွာ မြန်မာ အရှေ့ မြောက်ပိုင်း မူဆယ်မှ လားရှိး အထိ ၇၈ ဒဿမ ၉၂ မိုင်ရှိသောလမ်းကြောင်းကို စတင်ဖေါက်လုပ် မည်ဖြစ်သည်ဟုသိရှိရသည်။