Thursday, April 28, 2011

ဆီးရီးယား အစိုးရပါတီဝင် ၂၀၀ ကျော် နုတ်ထွက် စစ်သားများ အမိန့် မနာခံ

၂၀၁၁-၄-၂၈   KYODO  NEWS
ဆီးရီးယား (Syria)နိုင်ငံ အတိုက်အခံ ဆန္ဒပြသူတွေက သိမ်းပိုက်နယ်မြေ တောင်ပိုင်းတွင် ၂၇ ရက်နေ့ က ဒါရုအာ(Darua)တွင် သမတ အာဆစ်(Assad) ၏ ပါတီဖြစ်သော ဘာစ်(Baath party)မှ ပါတီဝင် အယောက် ၂၀၀ က လွတ်လပ်စွာတောင်းဆိုကြသည့်ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့လို့  ယနေ့ အချိန်အထိ
လူပေါင်း ၆၀၀နီးပါး သေဆုံးခဲ့ကြရသည်အတွက် အစိုးရ၏လုပ်ကိုင်မှုအပေါ်မကြေနပ်နှတ်ထွက်ကြောင်း
ကြေညာကာ ပြည်သူများဖြင့်ပူးပေါင်းခဲ့သည်။ထိုနေ့ တွင်ဘဲ အနောက်မြောက်ပိုင်းမှ ဘာနီးယား (Bani Yas)မြို့ တွင်လည်း အစိုးရပါတီဝင် ၃၀က နုတ်တွက်ခဲ့သည်။နုတ်ထွက်သည့်ပါတီဝင်များ များလာလျှင် အစိုးရပါတီအနေဖြင့် အခက်အခဲရှိလာနိုင်သည်ဖြစ်သောကြောင့် တိုက်ပွဲကြာလာသ၍ ပြဿနာ
ပိုဆိုးလာနိုင်သည်။
AP သတင်းဌာနကို ပြောဆိုသည့် ပြည်သူများ၏ အတင်းအရ စစ်ကားများစွာချထားသော ဒါရုအာ(Darua) တွင်စစ်သင်တန်းကျောင်းမှ ၅ ဦး ပြည်သူ့ ဘက်ကူးပြောင်းလာပြီး လုံခြုံရေးတပ် ချထားသောအဆောက် အဦးတွင် ပြည်သူများကိုဖမ်းဆီးရန်အမိန့် ကို စစ်သားများက မနာခံဟု သတင်းများထွက်နေသည်။
ဒါရုအာတွင် ၂၅ ရက်နေ့ က စစ်ကားများချထားခဲ့ရာ လုံခြုံရေးတပ်က ဘယ်သူဘဲဖြစ် ပစ်ခတ်ခဲ့၍ ပြည်သူ
များ သေဆုံးခဲ့ရသည်။ ရေ မီး ဖုံးများဖြတ်တောက်ခဲ့ပြီး အစိုးရပါတီမှ နုတ်ထွက်ခဲ့သော ပါတီဝင်များက
လုံခြုံရေးတပ်၏ ပစ်ခတ်မှုကြောင့်သေဆုံးသွားသော ပြည်သူများနှင့်ဒဏ်ရာရရှိသွားသူများအတွက် ထုတ်ပြန်
ချက်ထုတ်၍ အစိုးရကို ဆန့် ကျင်ဆန္ဒပြမည်ဟု ကြေညာခဲ့သည်။