၂၀၁၁-၄-၂၆ KYODO NEWS
ကဒါဖီ အစိုးရ ထိပ်တန်းခေါင်းဆောင် (Venezuela)ဘဲလ်နီဇွဲလား သို့ သွားရောက်၍ ငြိမ်းချမ်းရေး
လမ်းကြောင်း ရှာဖွေနေသည်။ လက်တင် အမေရီကား ဘဲလ်နီဇွဲလား သမတ ချာဘဲစ် ဟုဂို(Hugo Chavez)
က ၂၆ ရက်နေ့  TV အစီအစဉ်တခုတွင် လစ်ဗျားအခြေအနေ ပြောင်းလဲရန်အတွက် အစိုးရထိပ်တန်း
ခေါင်းဆောင် (Venezuela)ဘဲလ်နီဇွဲလားသို့  ရောက်ရှိနေကြောင်းပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးကိုမျှော်ကိုး
ကာ နည်းလမ်းရှာဖွေရန်နှင့် နိုင်ငံတကာအကူအညီကိုရှာဖွေနေသည်ဟုဆိုသည်။ သမတ ချာဘဲစ်
သည် လစ်ဗျား ခေါင်းဆောင် ကဒါဖီနှင့် အထူးရင်းနှီးသူဖြစ်ပြီး ဘဲလ်နီဇွဲလားသို့  နိုင်ငံရေးခိုလုံခွင့်
တောင်းနိုင်သည်ဟု သတင်းများထွက်နေသည်။ ၁၇ ရက်နေ့ သမတ ချာဘဲစ်က ကဒါဖီအစိုးရနှင့် အတိုက်အခံခြားဝင်ရောက်ဆွေးနွေးပေးမည်ဟု ပြောဆိုထားသည်။
ဘဲလ်နီဇွဲလား သမတ ချာဘဲစ်က လစ်ဗျားတွင်ဖြစ်ပေါ်နေသော စိတ်မကောင်းစရာအဖြစ်အပျက်တွေ
အတွက်ကြောင့် နိုင်ငံရေးနည်းလမ်းကို ရှာဖွေနေသည်ဟုပြောဆိုပြီး အခြေခံအားဖြင့် မည်သို့ ဆောင်ရွက်
မည်ကို ပြောဆိုခြင်းမရှိသေးပေ။ လစ်ဗျားထိပ်တန်းခေါင်းဆောင်က ပြောဆိုရာတွင် ကဒါဖီက စေလွှတ်ခြင်း
ဖြစ်သည်ဟုဆိုခဲ့သည်။