မိမိဟာ အမျိုးသမီးဖြစ်သော်လည်း အခက်အခဲများစွာကိုရင်ဆိုင်၍ အလုပ်အကိုင် လုပ်ငန်း အတတ်ပညာ တို့ ကိုသင်ယူကာ လူသားများအတွက်ဖြစ်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။ လူသားတို့ ၏ မေတ္တာကြောင့် မိမိ၏ ဘ၀ကိုလျှောက်လမ်းခဲ့ရကာ အဖိုးနဲ့ အဖေဖြစ်သူဟာ ရှေ့ နေကြီးတွေဖြစ်ကြပြီး မိခင်ဖြစ်သူ၏ ဆန္ဒကို လိုက်လျော၍ဥပဒေပညာကိုလေ့လာကာ အမျိုးသမီးအနေဖြင့် ကျမတဦးတည်းသာရှိပြီး ဥပဒေဘွဲ့ ကိုရ ရှိခဲ့သည်။ထိုနောက်ချဉ်မျှင်နှင့်အလုပ်သမားသမဂ္ဂတွင်(TLA)ပါဝင်ခဲ့ရာ အမျိုးသမီးတဦးထဲဖြစ်သည်။ တရားရုံးတွင် ရှေ့ နေ၀တ် စုံအဆင်းနှင့်ပါတ်သက်ပြီး သဘောမကျ၍ ပြောဆိုခဲ့မှုများရှိခဲပြီး မိမိ၏အတွေး အခေါ်များကို သဘောကျကာ မဟတ္တမ ဂန္ဓီက အားပေးခဲ့သောကြောင့် ထိုလမ်းကိုဆက်လက်လျှောက် လှမ်းခဲ့ပါသည်။
ဂန္ဓီ၏ အတွေးအခေါ်တခုဖြစ်သည့် ငါတို့ သည် လူမှုအဖွဲ့ အစည်း၏ ယုံကြည်စိတ်ချခံရသူဖြစ်၍ ရရှိသော
အမြတ်ငွေများသည် လူမှုအဖွဲ့ အစည်း၏ ယုံကြည်မှုရှိစေရန် မိမိ၏ကိုယ်ပိုင်ငွေမဟုတ် လူမှုအဖွဲ့ အစည်း
၏ ငွေသာဖြစ်သည်ဟု စိတ်သဘောထားရှိပြီး လုပ်ငန်း အတတ်ပညာလည်း ဒီလိုသဘောထားရှိရမည်။
ဒီအတိုင်းပဲ အလုပ်လဲ နိုင်ငံတနိုင်ငံလုံးအတွက် လူသားအားလုံးအတွက် ဖြစ်စေရမည်။
မိမိဆောင်ရွက်နေသော လှုပ်ရှားမှုကို ပြည်တွင်းပြည်ပက လက်ခံအားပေးကြပြီး ဘာကြောင့်လဲဆိုတာကို
တော့ တခြားလူကိုမေးကြည့်ပါ။ဆင်းရဲသားပြည်သူ အမျိုးသမီးများအတွက် ရည်ရွယ်ချက်ဖြစ်၍ အောင်မြင်မှု
မရသေးသောကြောင့်ဖြစ်သည်။လုပ်ငန်းရှင် တဦးအနေဖြင့်လည်း ဖေါ်ဆောင်လျှက်ရှိနေပြီး SEWA Bank products လည်းဖြစ်သည်။SEWA သည် သစ်ပင်တပင်ဖြစ်ကာ ထိုသစ်ပင်သည် နေရာအနှံပေါက်နေပြီး
မိမိဖါသာ ရှင်သန်ရပ်တည်နေကြသည်။ အထူးစိတ်ဝင်စားစရာ ကောင်းတာက ထိုသစ်ပင်ကို ဘယ်နေရာက
ဘဲ ဖြတ်ဖြတ် မသေနိုင်ဘဲ ဆက်လက်ရှင်သန်နေသောကြောင့်ဖြစ်သည်။ SEWA လည်းဒီအတိုင်းပါဘဲ။
ကျမသည် အိမ်မက်အတွေးအခေါ်သမားမဟုတ်ပဲ အောင်မြင်မည် မအောင်မြင်ဘူးဆိုတာကို အဓိက မတွေး
ခေါ်ပဲ ဘယ်လောက်မှားမှား အခွင့်လမ်းကတော့ ရှိလိမ့်မည်။ ဘယ်လောက်အောင်မြင်မြင် အမှားကတော့ ရှိ
လိမ့်မည်မှာသေခြာသည်။ မိမိသဘောထားနှင့်SEWA လည်းအတူတူပါပဲ။
ကျမ၏ လုပ်ဆောင်မှုသည် မှန်ကန်သောလုပ်ရပ်နှင့်အကောင်အထည် ဖေါ်ဆောင်ရေးသာဖြစ် သည်။
ထိုသို့ တိုင်းပြည်နှင့်လူမျိုး အမျိုးသားရေးနှင့်အမျိုးသမီးထုအတွက် တိုက်ပွဲဝင်နေသော စိတ်ဓာတ်သည်
ငြိမ်းချမ်းရေကိုမြတ်နိုးသောသူတို့ ၏ မွန်မြတ်သော စိတ်ဓာတ်ဖြစ်သည်။မြန်မာနိုင်ငံတွင် အမျိုးသားခေါင်း
ဆောင် ဒေါ်အောင်ဆန်စုကြည်က နိုင်ငံရေးနှင့်လူမှုရေးလုပ်ငန်းများကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် အား
ကြိုးမာန်တက် အကောင်အထည်ဖေါ်နေခြင်းသည် အခြေခံကျသော ဒီမိုကရေစီ အဆောက်အအုံကို တည်
ဆောက်နေခြင်းဖြစ်၍ ပြည်သူများအနေဖြင့် လူမှုလုပ်ငန်းများကို အားပေးကူညီသင့်ပါသည်။
