Saturday, April 16, 2011

အင်င်္ဂလိပ် အမေရီကန် ပြင်သစ် ၃နိုင်ငံက ကဒါဖီးကို ဖြုတ်အောင်တိုက်မည်။

၂၀၁၁-၄-၁၆   KYODO NEWS
လစ်ဗျားမြို့ တော် Tripoli တွင် ၁၄ ရက်နေ့ ဗိုလ်ချုပ်ကြီး ကဒါဖီး ထောက်ခံ သူများထွက်ကာ စုရုံးလာကြပြီး
အော်ဟစ် ထောက်ခံကြသည်။
US Obama သမတ British Cameron ၀န်ကြီးချုပ် France Sarkozy သမတ ၃ နိုင်ငံခေါင်းဆောင်များက Times newspaper အပါအ၀င် နံမည်ကြီး သတင်းစာ မျက်နှာဖုံးတွင် လစ်ဗျားဗိုလ်ချုပ်ကြီး ကဒါဖီးချက်ချင်းနုတ် ထွက် ပေးရန်တောင်းဆိုလိုက်ပြီး ဆက်လက် အစိုးရအဖြစ်ရှိနေမယ်ဆိုရင် NATOက ဆင်းသွားသည့်အထိ အဆုံးခန်းတိုင် ဆက်လက်တိုက်ခိုက်မည်ဟု White Houseက ကြေညာလိုက်ပြီး(လစ်ဗျားငြိမ်းချမ်းရေးလမ်း) 
ခေါင်စဉ်ဖြင့် ရေးသားခဲ့ကာ ထိပ်သီးခေါင်းဆောင် ၃ ဦး၏ ဆွေးနွေး၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ဆောင်ခြင်းဖြစ်ပြီး NATO၏ လစ်ဗျားထိုးစစ်နှင့်ပါတ်သက်၍ သောင်း
ပေါင်းများစွာသော ပြည်သူများ၏ အသက်ကို ကယ်တင်နိုင်ခဲ့သည်ဟုဆိုသည်။
လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်သည် ပြည်သူများကို ကယ်တင်ရန်ဖြစ်သည်။ကဒါဖီး ကို လက်နက်နဲ့ နုတ် ထွက်သွားဆောင်ရွက်ခြင်းမဟုတ်ဘဲ ပြည်သူများကို သတ်ဖြတ်နေသော ကဒါဖီး အစိုးရက ဆက်လက်ရှိနေ 
ရင် (လစ်ဗျား နိုင်ငံရဲ့ အနာဂတ်သည် ပုံဖေါ်၍မရနိုင်ပါ)ဟု ပြောကြားခဲ့သည်။