Friday, April 15, 2011

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူးနုတ်ထွက်မည့် အလားအလာမရှိ

ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ် ပြောင်းလဲလာပြီး အစိုးရအထဲတွင် မပါဝင်သော ဗိုလ်ချုပ်မှူးကြီးများ
အကြားတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူးနုတ်တွက်မည့် အသံများကြားနေသည်ဟု ပြောဆိုနေကြသော လည်း အမည်မဖေါ်လိုသော ဗိုလ်ချုပ်မှူးကြီးနှင့်နီးစပ်သူ ဗိုလ်မှူးကြီးတဦး၏ ပြောဆိုချက်အရ ဗိုလ်ချုပ်မှူး
ကြီးသည် ကျမ်းမာရေး ပြန်လည်ကောင်းမွန်လာပြီး စိုးရိမ်မှုတွေကြီးစွာရှိနေသည်ဟုဆိုသည်။ ရာထူးနုတ်ထွက်ရန်လည်း စဉ်စားပုံမရ ဆက်ပြီးရာထူးကို နေရာတခုမှ ယူထားမည်ဖြစ်ကြောင်း ထင်မြင်ရသည့် အနေထားတွင် ရှိသည်ဟုပြောဆိုသည်။ 
သမတ ဦးသိန်းစိန်၏ လုပ်ကိုင်မှုများကိုလည်း အမြဲဆောင့်ကြည့်နေပြီး အစိုးရအတွင်း စစ်တပ်ထွက် ဗိုလ် ချုပ်များအား သြဇာပေး လမ်းညွှန်မှုများ ရှိနေသည်။ အရာရှိငယ်များ အကြားတွင်လည်း ဗိုလ်ချုပ်ကြီးများ၏ အတ္တဆန်မှုများကို တီးတိုးဝေဖန်ကြသည်ဟု ဆိုသည်။ ရာထူးအဆင့် မညီမျှမှုများကိုလည်း အမျက်ထွက်နေ
နေကြကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား မကြေနပ်မှုများ တိုးလာသည်။ နိုင်ငံ၏ ဖွံ့ ဖြိုးတိုးတက်မှုများကို လည်း ထိန်းချုပ်ထားဟန်ရှိသည်ဟု ပြောဆိုပြီး နိုင်ငံအရေးထက် မိသားစုအရေးကို ဦးစားပေးသည် ဟုဆိုပါသည်။