Tuesday, April 26, 2011

တရုပ်ပြည် ရှန်ဟိုက်နှင့်မြို့ ကြီးများတွင် ဓါတ်ဆီဈေးမြင့်တက်မှုကြောင့် ဆန္ဒပြမှုများဖြစ်ပေါ်နေ

၂၀၁၁-၄-၂၅   
တရုပ်ပြည် ရှန်ဟိုက်နှင့်မြို့ ကြီးများတွင် ၂၀ ရက်နေ့ က ထရပ်ကားမောင်းသူများက ဓါတ်ဆီဈေးမြင့်တက် ကာ အထွေထွေကုန်ကျစရိတ်ကို ယဉ်မောင်းသူက တာဝန်ယူရသောကြောင့် ကားမောင်းသူ အလုပ် သမားများ သောင်းနှင့်ချီ၍ဆန္ဒပြ ခဲ့ကြသည်။ ဆန္ဒပြမှုစတင်ခဲ့သော မီးစက တဖြေးဖြေးကြီး လာနေပြီး
မြို့ ကြီးများကို ကူးစက်ရန်အခြေနေတွင် ရှိနေကာ အင်တာနက်ဖြင့် လူစုနေကြသည်ဟု ဒီလ ၂၅ ရက်နေ့ တွင် သိရှိရသည်။
ကွန်တိန်နာ ထရပ်ကားမောင်းသူ အလုပ်သမားများ ဓါတ်ဆီဈေးမြင်တက်မှုအတွက် အချိန်ကြန့် ကြာမှုကို မခံမရပ်နိုင် ဖြစ်နေကြပြီး ဟောင်ကောင်အထိ ကူးဆက်လာနေကာ အစာငတ်ခံ ဆန္ဒပြရန်လည်း စီစဉ်နေပြီး လုံထိန်းရဲများက အကြမ်းဖက်နှိမ်နင်းမှု မရှိသေးဟုသိရှိရသည်။
၂၃ ရက်နေ့ က ရှန်ဟိုက်အပါအ၀င် မြို့ ကြီးသုံးမြို့ မှ ဆန္ဒပြအဖွဲ့ များက ကြေညာချက်ကို အင်တာနက်ပေါ်
တွင် ထုတ်ပြန်ထားပြီး ကျေညာချက်ပေါ်တွင် တပါတီအာဏာရှင်စနစ်(ကွန်မြူနစ်ပါတီ)ချုပ်ငြိမ်းဖို့ တောင်း
တောင်းဆိုထားကာ (တရုပ်စပါယ်တော်လှန်ရေး)မှ နံမည်ကြီးသူများပါဝင်နေ၍ အလုပ်သမား တောင်
ဆိုဆန္ဒပြပွဲများ ဖြစ်ပေါ်လာရန် အခြေအနေတွင်ရှိသည်။
၂၅ ရက်နေ့ က ရှန်ဟိုက်မြို့  သက်ဆိုင်ရာဌာနမှ ကားမောင်းသူများနှစ်နာမှုအတွက် ဈေးလျော့ပေးခဲ့ပြီး
ဟောင်ကောင်တွင်လည်း ပုံမှန်ဈေးပြန်ချပေးခဲ့သည်။တရုပ်ပြည်တွင် ထရပ်ကားမောင်းသူများပြားပြီး ဓါတ်ဆီဈေးမြင့်တက်မှု ပြဿနာမှ ဆန္ဒပြပွဲများ ကြီးထွားလာမည်ကို တရုပ်အစိုးရမှ စိုးရိမ်နေသည်။