Thursday, March 31, 2011

မြန်မာနိုင်ငံတွင် အစိုးရသစ်နှင့်သမတ တက်လာ စစ်အစိုးရပြီးဆုံးပြီလား။

 ၂၀၁၁-၃-၃၀   KYODO  NEWS
မြန်မာနိုင်ငံတွင် အစိုးရသစ် ပေါ်လာကာ သမတ ကျမ်းသစ္စာကျိမ်ဆိုခဲ့ပြီး စစ်အစိုးရ ဥပဒေ အဆုံးသတ်။
မြန်မာနိုင်ငံမှ သတင်းများအရ နေပြည်တော် ပြည်သူ့ လွှတ်တော်တွင် ၃၀ ရက်နေ့ က သမတ ကျမ်းသစ္စာ ကျိမ်ဆိုပွဲပြုလုပ်ခဲ့ပြီး ရှေ့ လက သမတ ရွေးချယ်ခဲ့သော စစ်အစိုးရ ဦးသိန်းစိန်က သမတကြီး ဖြစ်လာပါ တယ်။ အစိုးရသစ်ရဲ့  အကြီးအကဲက အေးချမ်းသာယာရေးနှင့်ဖွင့်ဖြိုးရေးကောင်စီ(SPDC) ကိုဖျက်သိမ်း လိုက်ကြောင်း ကြေညာခဲ့ပြီး အစိုးရသစ် ပေါ်ထွက်လာပါတယ်။
သို့ သော် စစ်အစိုးရက စိတ်ကြိက်ရေးဆွဲခဲ့သော ရိုဒ်မက် ၇ ချက်  က အပြီးသပ်ခဲ့ပါပြီ။ အချိန်ကြာမြင့်စွာ စစ်အစိုးရလက်အောက်မှ ပြီးဆုံးခဲ့လေပြီ။
သို့ သော်လည်း စဉ်စားစရာက အသစ်တက်လာသော အစိုးရအပါအ၀င် သမတသည် စစ်ဗိုလ်ချုပ်များပါဝင်သော အစိုးရ အဖွဲ့ နှင့် စစ်အစိုးရနှင့်ရင်းနှီးစွာရှိသော စီးပွားရေးလုပ်ငန်းများသည် စစ်တပ်၏ ဦးဆောင်မှုဖြင့်
လုပ်ဆောင်သွားမည်မှာ ဧကန်မလွဲပေ။  ဦးသိန်းစိန်က အကြီးအကဲအဖြစ် ဦးဆောင်၍  ရှေ့ လမ်းစဉ်များကို ချမှတ်ကာ လျှောက်လှမ်းခဲ့သည့်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ကြသော စစ်မှန်သောဒီမိုကရေစီ လမ်းကြောင်းသည် မျှော်လင့်ချက်မရှိပေ။