၂၀၁၁-၃-၃၁ KYODO NEW
ဂျပန်ကြီးနှင့် မိဘုရားကြီးက ဂျပန်ငလျင်ဒဏ်ခံရသော ပြည်သူ ၂၉၀ ခိုလုံနေရာ တိုကျို အတာချီရပ် ကွက်ရှိ Tokyo Budokan သို့ ရောက်ရှိလာပြီ ဂျပန်ပြည်သူများကို နွေးထွေးစွာဖြင့် အားပေးစကား
ပြောကြားခဲ့ရာ ၀မ်းနည်းမျက်ရည်ကျသူများရှိခဲ့သည်။
ဘုရင်ကြီးက (ကျမ်းမာရေးဂရုစိုက်နော် အနည်းငယ်အနားယူပြီးပြီလား) လို့ ပြောဆိုကာ အားလုံးကို လိုက်လံ အားပေးခဲ့သည်။ Fukushima ခရိုင်ကနေ လာရောက်ခိုလုံနေတဲ့ UKITO KENJI (၃၄)နှစ် ကျောင်းဆရာ တဦး၏ ပြောဆိုချက်အရ (တကယ်ဘဲ စိတ်ထဲမှရှိသည့်အတိုင်းပြောဆိုသည်)ဟု မိမိ၏စိတ်ထဲမှာခံစား ရပါ တယ်လို့ ပြောဆိုပါသည်။ သတ်မှတ်ချိန်ထက် မီနစ် ၅၀ ကျော်ပြီး ပြည်သူများအား စာနာထောက်ထားသောအားဖြင့် အားပေးစကားများ ပြောကြားခဲ့သည်။
ဘုရင်ကြီးသည် ဂျပန်ငလျင်အတွက် စိတ်မကောင်းဖြစ်နေရပြီး ၁၆ ရက်နေ့ က TV ကနေ ၀မ်းနည်းစကား ပြောကြားပြီး ပူပန်မှုများကိုပြောကြား၍ ပြည်သူနဲ့ အတူ အခက်အခဲများကိုနားလည်ပြီး နေထိုင်ရာနန်တော်
တွင် မီးများနှင့်အပူပေးစက်များကို အချိန်ကြာပိတ်ထားသည်။ မိမိတပ်နိုင်သည့်ဘက်မှ ဆောင်ရွက်နေပါ သည် ဟုပြောကြားခဲ့သည်။
အနွေးထည်တခုတည်းနဲ့ မိမိကိုယ်ကို မျက်လွှာချကာ ကြမ်းပြင်တွင်ထိုင်၍ ဂျပန် ဘုရင်နှင့်မိဘုရားကြီးက ပြည်သူများအား တဦးစီ လည့်လှည်၍ စိတ်အားထက်သန်စွာဖြင့် အားပေးစကားများ ပြောဆိုသွားသည်။
