Sunday, April 3, 2011

စစ်မှန်တဲ့ ပြောင်းလဲမှုမရှိရင် အမေရိကန်မူဝါဒ မပြောင်းနိုင်


2011-04-03

မြန်မာနိုင်ငံမှာ အရပ်သား အစိုးရသစ် ပြောင်းလဲတယ်လို့ ပြောဆိုနေပေမယ့် အမေရိကန်နဲ့ မြန်မာအကြား မနီးစပ်နိုင်အောင် ခွဲခြားထားတဲ့ ပြဿနာတွေ မဖြေရှင်းနိုင်သေးသရွေ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ဆက်ပြီး ရှိနေမှာဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက မြန်မာ့ရေးရာ ကျွမ်းကျင်သူ ဒေါက်တာ ဂျိုးဇက် ဆေးဗားစတိန်း (Josef Silverstein) က ပြောကြားလိုက်ပါတယ်။မြန်မာ စစ်အစိုးရကနေ အစိုးရသစ် ဖြစ်လာတဲ့ ကိစ္စ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ခန့်အပ်တော့မယ့် သတင်းတွေ ထွက်ပေါ်လာတဲ့ ကိစ္စနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းလဲတွေနဲ့ ပတ်သက်လို့ နယူးဂျာစီ ပြည်နယ် Rutgers တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာ ဂျိုးဇက် ဆေးဗားစတိန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားတာ ဖြစ်ပါတယ်။