Wednesday, March 30, 2011

လစ်ဗျား အတိုက်အခံ ပြည်သူ့ ကော်မတီ ပြောရေးဆိုခွင့်ရှိသူက နိုင်ငံပြန်လည်ထူထောင်ရန် အဝေးရောက် အတိုက်အခံအဖွဲ့ စည်းလိုက်ကြောင်း ကြေညာ။

၂၀၁၁-၃-၃၀        KYODO NEWS
လစ်ဗျား အတိုက်အခံ ပြည်သူ့ ကော်မတီ ပြောရေးဆိုခွင့်ရှိသူက နိုင်ငံပြန်လည်ထူထောင်ရန်
၂၉ ရက်နေ့ အင်္ဂလန် တွင်ကျင်ပသည့် နိုင်ငံတကာ ၀န်ကြီး အဆင့် လစ်ဗျားဆိုင်ရာ အစည်းအဝေး တွင် လစ်ဗျားပြည်သူများ လွတ်လပ်ရေးနှင့် ဒီမိုကရေစီနိုင်ငံထူထောင်ရန်အတွက် အခြေခံဥပဒေ မူကြမ်းတရပ် ကို  တင်ပြခဲ့ပြီး အစည်းအဝေးတွင် နိုင်ငံတကာအား အဝေးရောက် အစိုးရဖွဲ့ စည်းကြောင်း ကြေညာခဲ့ပါ သည်။  လစ်ဗျား အရှေ့ မြောက်ပိုင်းဒေသ Benghazi တွင် အဝေးရောက် အစိုးရကိုဖွဲ့ စည်း လိုက်ပြီး သုံးဦး သုံးဖလှယ် ဒီမိုကရေစီနိုင်ငံထူထောင်ရန်အတွက် ကြိုးစားရမည်ဟုပြောကြားခဲ့သည်။
အနာဂတ် နိုင်ငံထူထောင်ရေးတွင် ယာယီအစိုးရအဖွဲ့ ၏ ၀န်ကြီး အဖြစ် Mahmud Jeburiru က အစည်း အဝေးသို့  တက်ရောက်ခြင်းမရှိပေမဲ့ ထိုအဖွဲ့ ၏ ဦးဆောင်မှုသဘောထားများ နိုင်ငံတကာကို တင်ပြခဲ့ပြီး
လစ်ဗျားဆိုင်ရာ အစည်းအဝေးကို တရားဝင်ဖိတ်ခေါ်ခြင်းမရှိသော်လည်း ကဒါဖီး အစိုးရပြီး နောက်ပိုင်း
တွက်ပေါ်လာမည့် အဖွဲ့ တခုအနေဖြင့် ရှိနေမည်ဖြစ်သည်။
ထို အဝေးရောက်ပြည်သူကော်မတီက ကြေညာခဲ့သော ပြန်လည်ထူထောင်ရန် အချက်များတွင် အသစ်ပြန်လည်မွေး ဖွားလာမည့် လစ်ဗျားသည် လွတ်လပ်မှုနှင့်တရားမျှတသည့် သမတ ရွေးကောက်ပွဲများနှင့် တာဝန်ယူမှုများ စီးပွားရေးလုပ်ငန်းမ၏ လွတ်လပ်မှုများကို အသိအမှတ်ပြုရမည်။ အခြေခံအားဖြင့် လူ့ အခွင့်အရေးကို လေးစားပြီး  လူသားခွဲခြားမှုနှင့် ပုန်ကုန်မှုများကိုဆန့် ကျင်ရမည်။
ထို ပြောရေးဆိုခွင့်ရှိသူက အနောက်နိုင်ငံများ၏ လက်နှက်ကူညီမှုကို လက်ခံမည်ဟုပြောကြားခဲ့သည်။