Wednesday, March 30, 2011

ထိုင်းနိုင်ငံ အစိုးရပိုင်(EGAT)လျှပ်စစ်ဓာတ်အားပေးစက် ၂ လုံး ဂျပန်နိုင်ငံသို့  သယ်ယူ၍ ဓာတ်အားပေးမည်။

 ၂၀၁၁-၃-၃၀    KYODO NEWS
၂၉ ရက်နေ့  ဂျပန်နိုင်ငံ အရှေ့ ပိုင်း Fukushima လျှပ်စစ်ဓာတ်အားပေးစက်ရုံ အမှတ်(၁) ပေါက်ကွဲမှု ကြောင့် ထိုင်းလျှပ်စစ်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပေးစက်ရုံ (EGAT)က တိုကျိုမြို့ တော် အနီးတ၀ှိုက်ရှိ
လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့်ပါတ်သက်၍ ထိုင်နိုင်ငံမှ လျှပ်စစ်ဓာတ်အား တိုင်ကီ ၂ လုံးနှင့်
စက်ပစ္စည်းများကို တိုကျိုလျှပ်စစ်ဌာနသို ၅ နှစ်ခန့်  ဌားရန်ရှိသည်ဟု ပြောကြားလိုက်သည်။ လျှပ်စစ်ဓာတ်အား ပေးစက် ၂ လုံးသည် ၂၄ သောင်း ၄၀၀၀ ထောင် အိမ်ခြေကို ဓာတ်အားပေးနိုင်သည်ဟုဆိုသည်။
ဂျပန်နိုင်ငံသို့  ပို့ ဆောင်မှု  ပြင်ဆင်မှု  စစ်ဆေးမှုများကို MITSUBISHI ZYUUKOU မှတာဝန်ယူမည်ဖြစ်ပြီး
လျှပ်စစ်ဓာတ်အား တိုင်ကီ တလုံးသည် တန် ၄၅၀ ရှိပြီး ဒီလောက်ကြီးမားသော စက်များ နိုင်ငံရပ်ခြားမှ သယ်ယူ သုံးစွဲရခြင်းသည် ယခုအချိန်အထိမရှိခဲ့ပါဟုဆိုသည်။
၂၉ ရက်နေ့ က MITSUBISHI ZYUUKOU က စတင်ဆောင်ရွက်နေပြီး ၄ လပိုင်းအကုန်တွင် ထိုင်းမှတွက် လာကာ ၅ လ အလယ်ပိုင်းလောက်တွင်ရောက်ရှိမည်ဖြစ်သည်။ နေရာကတော့ တိုကျိုပတ်ဝန်ကျင်တွင် ထားရှိကာ နွေရာသီ ဓာတ်အားမလုံလောက်မှုကို ပြည့်ဆည်းသောအားဖြင့် ပြင်ဆင်ထားပြီး ၈ လပိုင်းအ ကုန်အထိ ထုတ်လုပ်မည်ဖြစ်သည်ဟုသိရှိရသည်။ 

မြန်မာနိုင်ငံနှင့် အိမ်နီးခြင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည် ခေတ်မှီတိုးတက်သော နိုင်ငံဖြစ်လာနေပြီး နိုင်ငံတကာမှ နည်းပညာများကို စနစ်တကျအသုံးပြုကာ အာရှနိုင်ငံများ အားထားရမည့် နိုင်ငံတခု ဖြစ် လာသည်ကို တွေ့ မြင်နေရပြီဖြစ်သည်။ မြန်မာနိုင်ငံအဖို့ ဒီမိုကရေစီရရှိဖို့ အတွက် နှစ်ပေါင်းများစွာ တိုက်ပွဲ
ဝင်နေရပြီး ခေတ်မှီတိုးတက်သော နိုင်ငံများသည် ဒီမိုကရေစီရှိကြပြီး တိုးတက်လာနေသည်။  မြန်မာနိုင်ငံအဖို့  ခေတ်မှီတိုးတက်ဖို့ မဆိုထားနှင့် အခြေခံကျသော လူ့ အခွင့်အရေးရရှိရေးကိုပင် တိုက်ပွဲ
ဝင်နေဆဲဖြစ်၍ စစ်အာဏာရှင်စနစ်၏ ဆိုးကျိုးများပင်ဖြစ်သည်။