၂၀၁၁-၃-၃၀ KYODO NEWS
အင်္ဂလန်မှာကျင်ပတဲ့ နိုင်ငံခြားရေးဝန်ကြီးများအဆင့်ရှိ အစည်းအဝေးပွဲမှာ အမေရိကန်မှ Clinton အထွေထွေအတွင်းရေးမှုးနှင့် အင်္ဂလန်မှ Cameron ၀န်ကြီးချုပ်တို့ ဦးဆောင်ဆွေးနွေးတင်ပြခဲ့သည်။
၂၉ ရက်နေ့  လစ်ဗျားဆိုင်ရာ အင်္ဂလန်မှာကျင်ပတဲ့ နိုင်ငံခြားရေးဝန်ကြီး များအဆင့်ရှိတဲ့ အစည်းအဝေးပွဲ အပြီးမှာ သတင်းထောက်များနှင့် သတင်းစာရှင်လင်းပွဲပြုလုပ်ခဲ့ရာ ဆန္ဒပြပြည်သူတွေကို လက်နှက်ကူညီမှု
သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်ထားသော အပေါ်တွင် ကူညီဆောင်ရွက်ခြင်းဖြစ်သည်ဟု
မိမိနားလည်ထားကြောင်း ပထမဆုံးပြောကြားလိုက်ပါတယ်။ အစည်းအဝေးပွဲတွင် ဥက္ကဌတာဝန်ယူထား သော အင်္ဂလန်မှ Haig နိုင်ငံခြားရေးဝန်ကြီးလည်း သဘောထားအတူတူပင်ဖြစ်သည်။ နိုင်ငံတကာတပ်များ
ပူးပေါင်းကာ ဗုံးခွဲတိုက်ခိုက်သော်လည်း ကဒါဖီး အစိုးရ မပြုတ်ကျခဲ့လျှင် အတိုက်အခံ ဆန္ဒပြပြည်သူများကို
လက်နှက်ကူညီရန် ပြင်ဆင်နေကြသည်။
လစ်ဗျား စစ်ရေးတွင် ပူးပေါင်းပါဝင်ခဲ့သော နိုင်ငံတကာတပ်နှင့် အာရပ်နိုင်ငံများအဖွဲ့ ၏ ၀န်ကြီးအဆင့်ဆွေး
နွေးပွဲတွင် ကဒါဖီး အစိုးရသည် တရားမျှတမှုမရှိသည့်အတွက် ပိတ်ဆို့ အရေးယူရန်သဘောတူခဲ့သည်။
နိုင်ငံပေါင်းစုံက ကဒါဖီးစစ်ဆင်ရေးအတွက် ထိုးစစ်နည်းလမ်းများရှာဖွေရန် ဆက်သွယ်ရေး အဖွဲ့ ကို ဖွဲ့ စည်း ၍ ပထမ အကြိမ်အစည်းအဝေးကို အရှေ့ အလယ်ဗျားဒေသ Qatar တွင်ပြုလုပ်ရန် သဘောတူခဲ့ကြသည်။
အတိုက်အခံ ဆန္ဒပြပြည်သူ အဖွဲ့ အစည်းများ၏ (ပြည်သူ့ ကော်မတီ)ခေါင်းဆောင်က ထိုနေ့ မှာပင် အင်္ဂလန်နိုင်ငံရှိ နိုင်ငံခြားရေးရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ လက်နှက်လုံလောက်မှု မရှိသည့်အ တွက် လိုအပ်နေသည်ဟု တောင်းဆိုခဲ့သည်။ ထိုကိစ္စနှင့်ပါတ်သက်ပြီး Clinton အထွေထွေအတွင်းရေးမှုး က လစ်ဗျား ဘက်က လက်နှက်ကူညီဖို့ တောင်းဆိုလာလျှင် နိုင်ငံတကာတပ်စစ်ရေးအရ ၀င်ရောက်ရန် ချမှတ်ခဲ့သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အရ သဘောတူလိမ့်မည်ဟုထင်မြင်မိကြောင်း
နှင့် ဒီဆုံးဖြတ်ချက် မထွက်လာသေးကြောင်း မိမိစိတ်ဘောထားကိုပြောကြားခဲ့သည်။
Rice ကုလသမဂ္ဂအကြီးအကဲက အမေရိက TV အင်တာပျူးတွင် လက်နှက်ကူညီရေးနှင့်ပါတ်သက်၍ မေးမြန်းခဲ့ရာ ပါယ်ချရန်မရှိကြောင်း ပြောကြားခဲ့ပြီး Obama အစိုးရအနေဖြင့်လည်း ကဒါဖီးကို ဖိအားပေး
ရန်အတွက် ဆန္ဒပြပြည်သူများကို လက်နှက်ကူညီရန် နည်းလမ်းရှာဖွေနေလိမ့်မည်ဟုပြောကြားခဲ့သည်။
