Friday, October 2, 2015

ကချင်ပြည်နယ် ၀ိုင်းမော် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု
ကြည် မဲဆွယ်စည်းရုံးရေးဟောပြောပွဲ ကို အာဏာပိုင်တွေ
ပိတ်ပင်ခဲသော်လည်း ဒေသခံပြည်သူမျာ တစ်ခဲနက်ကြိုဆို





၂-၁၀-၂၀၁၅

ကချင်ပြည်နယ် ၀ိုင်းမော် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးဟောပြောပွဲ     ကို အာဏာပိုင်တွေ ပိတ်ပင်ခဲသော်လည်း ဒေသခံပြည်သူမျာ တခဲနက်ကြိုဆိုခဲ့ကြပြီး ကွင်းတခုလုံး       ရဲရဲနီခဲ့ပါတယ်။

အာဏာရှင်တွေ မနောကွင်းတံခါးတွေကို တော့ အာဏာသုံးပြီးပိတ်ချင်ပိတ်လို့ရမယ် မနောသူ မနော သားတွေရဲ့ အမေ့ကိုယုံကြည်ကိုးစား ချစ်ခင်တဲ့နှလုံးသားတံခါးကိုတော့ ဘာလက်နက်နဲ့မှ ပိတ်လို့မရဘူးဆိုတာ ဒီပုံရိပ်တွေက သက်သေပဲ။ကချင်ပြည်သူတွေဟာ ဖခင်ဗိုလ်ချုပ်အောင်ဆန်း လက်ထက်ထဲက ဗိုလ်ချုပ်ကို ထောက်ခဲ့ကြပြီး ၁၉၉၀ ရွေးကောက်ပွဲမှာလည်း NLD ကို တစ်ခဲနက် ထောက်ခံပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ကချင်ပြည်သူတွေ NLD ကို ထောက်ခံကြဖို့  ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်းခဲ့ပါတယ်။