Monday, September 9, 2013

နိုင်ငံရေးလုပ်လို့ ဆင်းရဲတာ သိမ်ငယ်စရာမဟုတ်ပါ



နိုင်ငံရေးလုပ်လို့ ဆင်းရဲတာ သိမ်ငယ်စရာမဟုတ်ပါ၊ ကိုယ်ကြိုးမဖက်ဘဲ စစ်မှန်တဲ့ ဒီမိုကရေစီရ              ရှိရေးအတွက် ကျရာနေရာက ကြိုးစားဆောင်ရွက်ရင်း ကိုယ်ရေးကိုယ်တာ အခက်ခဲများနှင့်                    ဆင်းရဲချို့တဲ့စွာ ဆက်လက်လျှောက်လှမ်းနေတဲ့ လေးစားရတယ့် ရဲဘော်များအတွက် အန်တီရဲ့ ဒီစကားမှ ကောက်နုတ် မျှဝေခြင်းဖြစ်ပါတယ်။
စက်တင်ဘာလ ၆ ရက်နေ့ဟာ မေမေနဲ့ ဖေဖေတို့လက်ထပ်ထိမ်းမြားခဲ့တဲ့နေ့ဖြစ်ပါတယ်။   
ဒီနှစ်ဆိုရင် ၇၁ နှစ်မြောက်ပြီပေါ့၊ ဒါပေမယ့် ပေါင်းသင်းခဲ့ရတာကတော့ ၅ နှစ်တောင်မပြည့်ပါဘူး၊ 
ဒီ ၅ နှစ်လုးံကလည်း အေးအေးဆေးဆေး နေခဲ့ရတယ်ကိုသိပ်မရှိပါဘူး၊ အဲဒီအချိန်အခါက ဗမာ့ကာကွယ်ရေးတပ်မတော်ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး တာဝန်တွေကို ထမ်းဆောင်ရတာ ပင်ပန်းရုံမက အန္ထရာယ်လည်းများပါတယ်။

အန္ထရာယ်ဆိုတာ စစ်မြေပြင်မှာတင်ပြောတာ မဟုတ်ပါဘူး၊ စစ်ရေးစစ်ရာတွေအပြင် နိုင်ငံရေးကိစ္စတွေ
ကိုပါ အင်မတန်ရှုပ်ထွေး ကြမ်းတမ်းတဲ့ကာလမှာ ကိုင်တွယ်နေရတော့ နေ့မအား၊ ညမအား၊ လူမအား၊ စိတ်မအားလုပ်ကိုင်ကြိုးစားရပါတယ်၊ အနေအထိုင်ဆင်းရဲတဲ့ ကာလကြီးလည်းဖြစ်ပါတယ်။

ကျွန်မတို့အကိုအကြီးဆုးံ အောင်ဆန်းဦးမွေးဖွားချိန်ကဆိုရင်ကလေးတိုက်ဖို့နွားနို့က ရေရော
ထားတာမျိုးပဲရနိုင်တယ်၊ ကလေးနို့ပုလင်းမရနိုင်လို့ ဇွန်းကလေးနဲ့တိုက်ရတယ်လို့ ကျွန်မကို လူကြီးတွေက ပြောပြဖူးပါတယ်။

တကယ်တော့ ဖေ့ဖေ့ရာထူးအနေထားနဲ့ အခွင့်ရေးယူမယ်ဆိုရင် နွားနို့ကောင်းကောင်းနဲ့ ကလေးနို့ပုလင်း တစ်ပုလင်းလာက်တော့ ရနိုင်လောက်မယ်လို့ထင်ပါတယ်၊ ခက်ခက်ခဲခဲ၊ ဆင်းဆင်းရဲရဲပဲနေခဲ့တာကို ကျေနပ်ဂုဏ်ယူမိပါတယ်။