Tuesday, September 10, 2013

ဦးရွှေမန်း၏ ထားဝယ်ခရီးစဉ် ဒေသခံများကြိုဆိုမည့် အစီအစဉ် ရဲတပ်ဖွဲ့ ပိတ်ပင်တားဆီး

 
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၏ စက်တင်ဘာလ ၉ ရက်နေ့ ထားဝယ်ခရီးစဉ်ကို   မြေသိမ်းဆည်းခံ ပြည်သူတစ်ချို့မှ ကြိုဆိုသည့် အစီအစဉ်ကို ရဲတပ်ဖွဲ့မှ တားဆီးပိတ်ပင်ခဲ့ကြောင်း သိရသည်။

ခရီးစဉ်အားကြိုဆိုမည့် ဒေသခံပြည်သူများသည် ထားဝယ်မြိုတော်ခန်းမှ ရေနက်ဆိပ်ကမ်းသို့ သွားရာ  လမ်းဖြစ်သည့် ကမြောကင်းလမ်းတစ်နေရာတွင် “ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းအား ကြိုဆို ပါ၏” စာတမ်းနှင့် ယင်း၏အောက်တွင် “လယ်ယာမြေများ မတရားသိမ်းဆည်းခံ ထားရသော ထားဝယ်မြို့မှ လယ်သမားများ ” ဟူသည့် စာတမ်းများပါသည့် ဗီနိုင်းကိုကိုင်ဆောင်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ဦးရွှေမန်း၏ ယာဉ်တန်းရောက်လာချိန်တွင် ဗီနိုင်းကို    ဖြန့်လိုက်သည်နှင့် တစ်ပြိုင်နက် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ လုယူခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကြိုဆိုရာတွင် ပါဝင်ခဲ့သော လယ်သမား တစ်ဦးက ဆိုသည်။
နိုင်ငံကိုဦးဆောင်နေသော ခေါင်းဆောင်တစ်ဦး ဒေသကို ရောက်ရှိလာချိန်တွင် ဒေသခံများသည် မိမိတို့ ၏အခက်အခဲများကို တင်ပြခွင့် ဖော်ထုတ်ခွင့်ရှိရမည်။ထိုမှသာ ဒေသအခြေအနေကို   ခေါင်းဆောင်ပိုင်းမှသိရှိပြီး စုံစမ်းလေ့လာကာ ဒေသတွင်းခြစားမှုတွေ အနိုင်ကျင့်ခံရမှုတွေ ဥပဒေကို အာဏာပိုင်တွေ လက်တလုံးခြား လိုသလိုအသုံးချနေတာတွေ အခြေခံဥပဒေရဲ့ ရပိုင်ခွင့်တွေ   ပြည်သူတွေမှာ ဆုံးရုံးနေကြရတယ်။ဒါတွေကို ခေါင်းဆောင်ပိုင်းက သိခွင့်ရမှ ပြင်ဆင်သင့်တာတွေ   ပြင်ဆင်ဖို့  တာဝန်ရှိသူတွေကို ညွန်ကြားမှ ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်လာမှာဖြစ်တယ်။အာဏာရှင်လက်ထက်ကလို ပိတ်ပင်တားဆီးနေရင် ဒီမိုကရေစီလမ်းကို သွေဖီနေတာဖြစ်နေတယ်။   ခေါင်းဆောင်ပိုင်းနဲ့  အုပ်ချုပ်ရေးပိုင်းမှာ ကွာဟချက်တွေအများကြီးရှိနေပြီး အပေါ်အောက် အုပ်ချုပ်မှု ယိုယွင်းနေတာဟာ အစိုးရ၏ ညံဖျင်းမှုဖြစ်ပြီး ဥပဒေကို မလေးစားကြတဲ့ကိစ္စမှာ ၀န်တမ်းတွေရဲ့  ဖုံးဖိထားမှုတွေကြောင့် မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပြဿနာတွေဖြစ်ပြီး ရဲဝန်ထမ်းတွေ ဆင်ခြင်ထုံတရား နည်းပါးမှု၊အမျှော်အမြင်ခေါင်းပါးမှု၊အထက်ကိုမသိအောင် ကော်လံဖား အုပ်ချုပ်မှု၊ပြည်သူတွေကို အနိုင်ကျင့်ဖိနှိပ်မှု အားလုံးဟာ အာဏာရှင်ခေတ်ကအတိုင်း မပြောင်းလဲတာတွေ့ ရှိရတယ်။ အပေါ် ခေါင်းဆောင်ပိုင်းက ဘယ်လောက်ပြောင်းလဲပြောင်းလဲ အောက်ခြေ၀န်ထမ်းပိုင်းက မပြောင်းလဲရင် ပြုပြင်ပြောင်းလဲရေးဆိုတာမအောင်မြင်နိုင်ဘူး။နိုင်ငံတကာကိုတော့ ပြောင်းလဲနေပါပြီ           ဆိုပြီး အောက်ခြေအုပ်ချုပ်မှုအပိုင်းက စစ်အစိုးရအတိုင်းဆက်ပြီး အုပ်ချုပ်နေတာတွေ့ ရတယ်။
အစိုးရမှ ပြောင်းလဲလိုက်တဲ့ မူဝါဒသစ်တွေကို ၀န်ထမ်းတွေကို ထိထိရောက်ရောက် သင်တန်းပို့ ချခြင်း မရှိဘူးလို့  ၀န်ထမ်းတွေရှိက သိရှိရတယ်။လူတွေသာအပြောင်းအလဲရှိပြီး ၀န်ထမ်းတွေရဲ့  လုပ်ငန်းတွေ ဟာ သိသိသာသာပြောင်းလဲမှုမရှိဘူးလို့ ရန်ကုန် ပြည်သူ့ ရဲဝန်ထမ်းတဦးထံမှသိရှိရသည်။အကျင့်ပျက်       ခြစားမှု တွေဟာ နိုင်ငံဂုဏ်သိက္ခာကို ထိခိုက်စေပြီး နိုင်ငံတော်လစာစား ၀န်ထမ်းများကို ဥပဒေဖြင့် ထိထိရောက်ရောက် မကိုင်တွယ်နိုင်ရင် မူဘယ်လောက်ကောင်းကောင်း လူမကောင်းရင်အလကားပဲ၊         ခေါင်းဆောင်ပိုင်းက ခေါင်းပေါင်းပေါင်းပြနေပြီး အုပ်ချုပ်မှုပိုင်းမှာ ခွေးမှီးကောက် ကျည်ထောက်စွပ်          သလို ဖြစ်နေတယ်ဆိုတာ  နိုင်ငံကိုဦးဆောင်နေကြတဲ့ အစိုရသိဖို့ လိုသည်။