နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ
...်းရေးအတွက်၊ တရားဥပဒေစိုးမိုးရေး လိုအပ်ပါတယ်။ ရိုးရိုးလေးပြောရမယ်ဆိုရင်၊ ပြည်သူ-ပြည်သားများဟာ မိမိတို့ အသက်အိုးအိမ်အတွက် အခြေခံလုံခြုံမှုမရှိဘူးဆိုရင်၊ ညီညွတ်ရေးအတွက် အဓိကဖြစ်တဲ့၊ မတူကွဲပြားမှုများကို ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး၊ တူညီတဲ့ရည်မှန်းချက်တွေ အပေါ် အခြေခံတဲ့လမ်းစဉ်ချမှတ်နိုင်ဖို့ အင်မတန်မှ ခက်ခဲပါလိမ့်မယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လို အကြမ်းမဖက်တဲ့ နိုင်ငံရေးကို
ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားတဲ့ အဖွဲ့တစ်ခုအတွက် တရာဥပဒေစိုးမိုးရေးဟာ
အထူးအရေးကြီးပါတယ်။ တရားဥပဒေစိုးမိုးရေးရဲ့ သဘောသဘာဝအရ၊ မည်သူမျှ
ဥပဒေအထက်မှာ မရှိရပါဘူး။ နိုင်ငံခေါင်းဆောင်အပါအ၀င်
အစိုးရအဖွဲ့တစ်ခုလုံးမှစပြီး သာမန်ပြည်သူများအားလုံးဟာ ဥပဒေရဲ့ ကာကွယ်မှုကို ရရှိပိုင်ခွင့်