Tuesday, July 23, 2013

"အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ယူသွားတဲ့ ဗိုလ်ချုပ်စာအုပ် ဒေသခံတွေ ပြန်ယူမည်။"

အထက(၁) ရေနံချောင်းမြို့မှာထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ် ကျောင်းသားဘ၀က လက်ရေးမူရင်း ပါဠိ ဘာသာမှတ်စုစာအုပ်ကို အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က                 ဇူလိုင်လ ၁၉ ရက်နေ့ ရေနံချောင်းကို ရောက် ရှိခိုက်ယူသွားတဲ့အတွက် ဒေသခံတွေက စာအုပ်ပြန်လည် ပြန်လည် ရရှိအောင် ကြိုးစား သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အခုလို စာအုပ်ယူသွားတာနဲ့ပတ်သက်ပြီး အထက(၁)ရေနံချောင်း ကျောင်းအကျိုးတော်ဆောင်       အဖွဲ့ဝင် ဦးကျော်ဆန်းဦးက အခုလိုပြောပါတယ်။

"ဗိုလ်ချုပ်စာအုပ်ကို လေးစားတယ်ဆိုရင် လမ်းဘေးက အရုပ်လေးတစ်ရုပ် ကောက်ယူသလို          မယူသင့် ဘူးလေ။ တန်ဖိုးနဲ့ ထိုက်သင့်တဲ့ ယူဆောင်ခြင်းမျိုးနဲ့ ယူဆောင်စေချင်တယ်။ငါကြိုက်          တယ်ယူ
သွားမယ်ဆို တာမျိုးတော့ တော်တော် ရင်နာဖို့ ကောင်းတယ်။"
...
အဲဒီစာအုပ်ဟာ ၁၉၃၃ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းလက်ရေးမူနဲ့ရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။
ဒါကြောင့် ခေတ်အဆက်ဆက် အာဏာပိုင်တွေက ဒီစာအုပ်ကို ရရှိဖို့အတွက်ကျောင်းအုပ်တွေဆီ     တောင်း ခံခဲ့ ဖူးသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ရေနံချောင်းရောက်ရှိ   တုန်းကလည်းNLDအဖွဲ့ဝင်တွေက တောင်းခံခဲ့ပေမယ့် ဒေသခံတွေက မပေးခဲ့ဘူးလို့ သိရပါတယ်။
လာမယ့် ၂၀၁၅ခုနှစ်မှာ ပြုလုပ်မယ့် အထက(၁)ရေနံချောင်းရဲ့ ရာပြည့်ပွဲတော်မှာ အဲဒီစာအုပ် ကို       ပြခန်း အနေနဲ့ပြသဖို့ ကျောင်း အကျိုးတော်ဆောင်တွေက စီစဉ်ထားကြပါတယ်။

ဒါကြောင့် ဒီစာအုပ်ပြန်လည်ရရှိဖို့ ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကနဲ့ အမျိုးသား                     ဒီမိုကရေစီ အဖွဲ့ ချုပ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဒေသခံတွေက အကူအညီတောင်းဖို့ စီစဉ်နေပြီး အဆင်မပြေ ဘူး ဆိုရင် ဒေသခံတွေဘက်က နည်းလမ်းပေါင်းစုံသုံးပြီး စာအုပ် ပြန်လည်ရရှိရေး                အတွက် ကြိုးပမ်းသွားမယ်လို့ သိရ ပါတယ်။