Thursday, July 25, 2013

သမ္မတကြီးမှ လွှတ်တော်နဲ့ ပြည်သူ့ သဘောထားဆန္ဒကို ခံယူပြီး အခြေခံဥပဒေပြင်ဆင်နိုင်သည်ဟုဆိုသည်

 မေး - အရင်တုန်းက အကျဉ်းကျခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆိုရင် လွှတ်တော်ထဲ   ရောက်နေပါပြီ။ ၂၀၁၅ မှာ သမ္မတ ဖြစ်ချင်တယ်လို့လည်း ထုတ်ဖော် ပြောကြားထားပါတယ်။                ဒါပေမယ့် သူ့ကို သမ္မတ မဖြစ်အောင် ပိတ်ပင်ကန့်သတ်ထားတာတွေ အခြေခံဥပဒေမှာ     ပါနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၅ မှာ သမ္မတ ဖြစ်သင့်တယ်လို့ ထင်ပါသလား။

ဖြေ - ဒီမိုကရေစီနိုင်ငံတွေမှာ လူတိုင်းဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့် ရှိပါတယ်။   ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ မျှော်မှန်းချက်၊ သူ့ရဲ့ဆုံးဖြတ်ချက်ကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောကြားတာပဲ ဖြစ်ပါတယ်။ သမ္မတ ဖြစ်ရေး-မဖြစ်ရေးကတော့ အခြေခံဥပဒေတွေမှာ သတ်မှတ်ပြဌာန်းထားတာ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သမ္မတ ဖြစ်လာတာဟာ အခြေခံ ဥပဒေပါ သတ်မှတ်ချက်များအတိုင်း ဖြစ်လာတာပဲ ဖြစ်ပါတယ်။

...
အခြေခံဥပဒေဆိုတာလည်း ပြင်လို့ ရတဲ့ ကိစ္စ ဖြစ်ပါတယ်။ အခြေခံဥပဒေ ပြင်နိုင်တဲ့ အခွင့်                အာဏာက လွှတ်တော်ရဲ့ လက်ဝယ်မှာ ရှိပါတယ်။ အချို့ပြဌာန်းချက်တွေကတော့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို ခံယူပြီး ပြင်ရမှာ ဖြစ်ပါတယ်။ ဒါတွေက ပြင်ဆင်လို့ ရပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ လွှတ်တော်ရဲ့ သဘောထား၊ ပြည်သူလူထုရဲ့ သဘောထား အတိုင်းပဲ ရှိပါတယ်။

မေး - ၂၀၁၅ မတိုင်မီ ဒီကန့်သတ်ချက်ကို ပြင်နိုင်မယ် ထင်ပါသလား။

ဖြေ - ပြင်နိုင်တယ်၊ မပြင်နိုင်ဘူး ဆိုတာကတော့ လွှတ်တော်ရဲ့ သဘောထားပါပဲ။ ကျွန်တော့်အနေနဲ့ ကန့်ကွက်ရန် မရှိပါဘူး။

(ဦးသိန်းစိန်)
ပြင်သစ်ရုပ်သံ France 24 နှင့်အင်တာဗျုး။
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ မြန်မာနိုင်ငံအတွက် အရေးကြီးပါတယ်။ဒီဖွဲ့ စည်းပုံဟာ စစ်တပ်ကတဘက်သတ်ရေးဆွဲခဲ့တာဖြစ်ပါတယ်။ဖွဲ့စည်းပုံ အခြေခံဥပဒေ သည်  ပြည်သူများ အကျိုးမဖြစ်ထွန်းသည့် အပိုင်းများကို ပြင်ဆင်ရန်လိုအပ်ပါသည်။ဒီမိုကရေစီ အပြည့်အဝရရှိရေး၊               တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အကျိုးခံစားခွင့်ရှိရေး စတဲ့ မြောက်များစွားသော ဥပဒေတွေကိုအမြန်ဆုံးပြင်ဆင်ဖို့ လိုအပ်သလို မတရား ပိတ်ပင်ထားသော ဥပဒေများကိုလည်း ပြင်ဆင်ပို့ လိုအပ်ပါသည်။ သမ္မတကြီးကတော့ အခြေခံဥပဒေ     ပြင်နိုင်တဲ့ အခွင့်အာဏာက လွှတ်တော်မှာ ရှိပါတယ်၊ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို ခံယူပြီး ပြင်ရမှာဖြစ်ပါတယ်လို့  ဆိုထားပါတယ်။ အခြေခံဥပဒေပြင်ဆင်ခွင့်ဟာ ပြည်သူတွေ တဦးခြင်း    မှာ တာဝန်ရှိလာပြီဆိုရင် မှားမယ်မထင်ပါဘူး အစိုးရကမပြင်ရင် ဒီမိုကရေစီရဲ့  ပြည်သူ့ ပါဝါနဲ့    ပြင်ကြရအောင် နှိုးဆော်လိုက်ရပါတယ်။
ပြင်ဆင်ရာမှာလည်း တာဝန်ရှိသူတွေနဲ့ ပညာရှင်တွေ လူ့ အဖွဲ့ အစည်းတွေ  ညီတူညီမျှ ရှိကြဖို့ နဲ့  တဘက်သတ်အသာစီးကယူထားတာမျိုးတွေ မဖြစ်စေရအောင် ပြည်သူများလက်ခံ ယုံကြည်နိုင်အောင် ပွင့်လင်းမြင်သာမှုနဲ့  လွတ်လပ်မှုကိုအခြေခံရပါမယ်။တိုင်းပြည်အတွက် အကောင်း       ဆုံး ဥပဒေများဖြစ်အောင် တက်ညီလက်ညီပြင်ဆင်နိုင်ဖို့  တောင်းဆိုပါတယ်။